မြည်တမ်းစကား 3:9 - Common Language Bible ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။ Garrad Bible ဆစ် ပြီး ကျောက် ဖြင့်၊ လမ်း မ များ ကို ဆို့ ပိတ် လျက်၊ လမ်း မြှောင် များ ကို လည်း ကွေ့ ကောက် ခြင်း ပြု တော် မူ သည် တ ကား။ Judson Bible ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသွားသောလမ်းကို ကျောက်နံရံဖြင့် ပိတ်ထားပြီး လမ်းခရီးကို ကွေ့ကောက်စေတော်မူပြီ။ |
ကိုယ်တော်သည်လေပြင်းကိုတိုက်ခတ်စေ တော်မူလိမ့်မည်။ ထိုလေသည်အရာခပ်သိမ်း ကိုမြောပါသွားစေတတ်သည့်မြစ်ရေလျှံ သကဲ့သို့လူမျိုးတကာကိုဆုံးပါးပျက်စီး စေ၍၊ သူတို့၏ဆိုးညစ်သောအကြံအစည် များကိုပျက်ပြားစေလိမ့်မည်။-
ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
သို့ဖြစ်၍ငါသည်သူမထွက်နိုင်ရန်ဆူး စည်းရိုးခတ်၍ လမ်းရှာမတွေ့နိုင်ရန်တံ တိုင်းဖြင့်ကာရံထားမည်။-