ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။-
ဗျာဒိတ် 3:12 - Common Language Bible အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။ Garrad Bible အောင် မြင် သူ့ ကို နောင် အ ပ သို့ မ ထွက် ရ စေ ရန် ငါ့ ဘု ရား သ ခင့် ဗိ မန် တော့် အ တွင်း ကွန်း တိုင် ဖြစ် စေ မည့် ပြင် ငါ့ ဘု ရား သ ခင့် နာ မ တော် ကိုလည်း ကောင်း၊ ငါ့ ဘု ရား သ ခင် စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ ဆင်း သက် သည့် ယေ ရု ရှ လင် မြို့ သစ်၊ ငါ့ ဘု ရား သ ခင့် မြို့ တော့် အ မည် ကိုလည်း ကောင်း၊ ငါ့ အ မည် သစ် ကိုလည်း ကောင်း အ က္ခ တင် မည်။ Judson Bible အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည် ငါ၏ဘုရားသခင့်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တစ်ဖန် သူသည် ပြင်သို့မရွေ့ရ။ ငါ၏ ဘုရားသခင့် နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရှုရှလင်မြို့သစ်တည်းဟူသော၊ ငါ၏ဘုရားသခင့်မြို့တော်၏ နာမကိုလည်းကောင်း၊ ငါ၏ နာမသစ်ကိုလည်းကောင်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် အောင်မြင်သောသူအား ငါ့ဘုရားသခင်၏ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ အပြင်သို့ထွက်ခွာသွားရတော့မည်မဟုတ်။ ငါသည် ငါ့ဘုရားသခင်၏နာမတော်ကိုလည်းကောင်း၊ ငါ့ဘုရားသခင်၏မြို့တော်တည်းဟူသော ဘုရားသခင်အထံတော်ကောင်းကင်မှဆင်းသက်လာသည့် ဂျေရုဆလင်မြို့သစ်၏နာမကိုလည်းကောင်း၊ ငါ၏နာမအသစ်ကိုလည်းကောင်း သူ့အပေါ်၌ရေးထားမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။ |
ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။-
ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
အို ဘုရားသခင်၏မြို့တော်၊ သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။
အို ယေရုရှလင်မြို့၊လူမျိုးတကာတို့သည် သင်၏အောင်မြင်ခြင်းကိုတွေ့မြင် ရကြလိမ့်မည်။ ဘုရင်အပေါင်းတို့သည်လည်းသင်၏ဘုန်း အသရေကို တွေ့မြင်ရကြလိမ့်မည်။ သင်သည်ထာဝရဘုရားကိုယ်တော်တိုင် ပေးတော်မူသည့်နာမည်သစ်ကိုရရှိလိမ့်မည်။
ငါ၏ရွေးချယ်တော်ခံလူမျိုးတော်သည် သင်တို့နာမည်ကိုကျိန်စာအဖြစ်အသုံး ပြုကြလိမ့်မည်။ ငါထာဝရအရှင်ဘုရားသခင်သည်လည်းသင်တို့အားကွပ်မျက်တော် မူမည်။ သို့ရာတွင်ငါ၏စကားကိုနားထောင် သူတို့အားငါသည်နာမည်သစ်ကိုပေး တော်မူမည်။-
ယေရမိ၊ နားထောင်လော့။ ဤနိုင်ငံရှိလူအပေါင်း တို့ဖြစ်သည့်ယုဒဘုရင်များ၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူများသည် သင့်ကို အတိုက်အခံပြုကြလိမ့်မည်။ သို့ရာတွင်သူ တို့ကိုခုခံနိုင်စွမ်းရှိအောင် သင့်ကိုယနေ့ငါ ပြုမည်။ သင်သည်ခံတပ်မြို့ကဲ့သို့လည်းကောင်း၊ သံတိုင်နှင့်ကြေးဝါနံရံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ငါသည်သင်နှင့်အတူရှိ၍သင့် ကိုကွယ်ကာစောင့်ရှောက်မည်။ သို့ဖြစ်၍သူတို့ သည်သင့်အားနှိမ်နင်းနိုင်ကြလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
မုခ်ဦးခန်းသည်အနံသုံးဆယ့်လေးပေ၊ ထုပေနှစ်ဆယ်ရှိ၍ယင်းကိုလှေကားထစ်များဖြင့်တက်ရ၏။ မုခ်ဦးပေါက်တစ်ဖက်တစ်ချက်တွင်တိုင်တစ်လုံးစီရှိသတည်း။
မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
သူတို့ယူခဲ့ကြလျှင်ကိုယ်တော်က ``ဤရုပ်ပုံ၊ ဤကမ္ပည်းလိပ်စာသည်မည်သူ့ရုပ်ပုံ၊ မည်သူ့ ကမ္ပည်းလိပ်စာဖြစ်သနည်း'' ဟုမေးတော်မူ၏။ သူတို့က ``ဧကရာဇ်မင်း၏ရုပ်ပုံ၊ ဧကရာဇ်မင်း၏ ကမ္ပည်းလိပ်စာဖြစ်ပါသည်'' ဟုပြန်၍လျှောက်ကြ၏။
အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။-
အဘယ်ကြောင့်ဆိုသော်ဤလောက၌ငါတို့ အတွက်တည်မြဲသောမြို့မရှိသောကြောင့် ဖြစ်၏။ ငါတို့ကားနောင်အခါဖြစ်ပေါ်မည့် မြို့ကိုစောင့်မျှော်လျက်နေကြပေသည်။-
သားသမီးတို့၊ သင်တို့သည်ဘုရားသခင် ၏ဘက်တော်သားများဖြစ်၍မိစ္ဆာပရောဖက် များကိုအနိုင်ရခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော်သင်တို့တွင်ကျိန်းဝပ်တော်မူသော ဝိညာဉ်တော်သည်လောကသားတို့တွင်ကိန်း ဝပ်သောဝိညာဉ်ထက်ကြီးမြတ်တော်မူသော ကြောင့်တည်း။-
ထိုနောက်ကြည့်လိုက်သောအခါဇိအုန်တောင် ပေါ်တွင် သိုးသူငယ်တော်ရပ်နေသည်ကိုငါ မြင်ရ၏။ သူ၏နာမနှင့်ခမည်းတော်၏နာမ တော်ကိုနဖူးတွင် ရေးမှတ်ထားသူလူပေါင်း တစ်သိန်းလေးသောင်းလေးထောင်တို့သည် သိုး သူငယ်တော်နှင့်အတူရှိကြ၏။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။ ``အောင်မြင်သောသူသည်ဒုတိယသေ ခြင်းဘေးနှင့်ကင်းလွတ်လိမ့်မည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ အောင်မြင်သောသူအားဝှက်ထားသောမန္နမုန့် ကိုငါပေးမည်။ ကျောက်စရစ်ဖြူကိုလည်း ငါပေးမည်။ ထိုကျောက်ဖြူပေါ်တွင်အက္ခရာ တင်ထားသည့်နာမည်သစ်ကိုအဘယ်သူ မျှမသိနိုင်ရာ။ ထိုကျောက်ကိုခံယူရရှိ သူသာလျှင်သိရှိနိုင်ပေသည်။
``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိ သူတို့ကြားပါစေ။ ``အောင်မြင်သောသူအားဘုရားသခင်၏ဥယျာဉ် တော်ရှိအသက်ပင်၏အသီးကိုစားခွင့်ငါ ပေးမည်။
ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သောမြို့ကြီးဖြစ်သည့်ယေရု ရှလင်မြို့သစ်သည် သတို့သားအတွက်အဝတ် တန်ဆာဆင်ယင်ထားသည့်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်သက်ဆင်းလာသည်ကိုငါမြင် ရ၏။-
သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကိုဖူး မြင်ရကြလိမ့်မည်။ နာမတော်ကိုသူတို့၏ နဖူးတွင်ရေးထားလျက်ရှိလိမ့်မည်။-
အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။