ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
ဖိလိပ္ပိ 1:11 - Common Language Bible ထို့အြုပင်ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်နှင့်ဂုဏ်တော်ကိုချီးကူး ကြစေရန် ယေရှုခရစ်အားဖြင့်သာလျှင်ရ နိုင်သောစစ်မှန်သည့်အရည်အသွေးကောင်း များနှင့်ပြည့်စုံလိမ့်မည်။ Judson Bible ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်းကိုလည်းကောင်း၊ ငါဆုတောင်း ပတ္ထနာပြု၏။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်းအသီးအပွင့်နှင့်ပြည့်စုံ၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းအဖြစ်သို့ရောက်မည့်အကြောင်း ငါဆုတောင်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။ |
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
သူသည်မြေကိုတူးဆွ၍ကျောက်ခဲများကို ဖယ်ရှားပစ်ကာ၊ မျိုးကောင်းမျိုးသန့်စပျစ်ပင်များကိုစိုက်၏။ သူသည်ထိုအပင်တို့စောင့်ကြပ်ကြည့်ရှုရန် လင့်စင်တစ်ခုကိုတည်ဆောက်၏။ စပျစ်သီးနယ်ရန်ကျင်းတစ်ခုကိုလည်း တူး၏။ သူသည်စပျစ်သီးမှည့်ချိန်ကိုစောင့်ဆိုင်းလျက် နေ၏။ သို့ရာတွင်စပျစ်သီးမှန်သမျှသည်ချဉ်၍ နေတော့၏။
သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။-
သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။-
သို့ဖြစ်၍ငါသည်ကောက်ခံရရှိသမျှသောအလှူ ငွေကိုထိုသူတို့အားပေးအပ်ရန်ကိစ္စပြီးစီးအောင် ဆောင်ရွက်ပြီးနောက်စပိန်ပြည်သို့ခရီးသွားမည်။ လမ်းကြုံကြိုက်၍သင်တို့ထံသို့ဝင်ရောက်လည်ပတ် မည်။-
သို့သော်သင်တို့သည်ယခုအခါအပြစ် တရား၏လက်မှလွတ်မြောက်ပြီးလျှင် ဘုရား သခင်၏ကျွန်များဖြစ်လာကြပေပြီ။ သင် တို့ရရှိသည့်အကျိုးကားကိုယ်တော်၏အတွက် မိမိတို့ကိုယ်ကိုအကြွင်းမဲ့ဆက်ကပ်ခြင်း ဖြစ်သည်။ အဆုံး၌ထာဝရအသက်ကိုရရှိ ခြင်းပင်ဖြစ်သည်။-
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။-
သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
ဝိညာဉ်တော်သည်ဘုရားသခင်၏လူစုတော် အားကတိထားတော်မူသည့်အတိုင်း ငါတို့ ခံစားရမည်ဖြစ်ကြောင်းအာမခံချက်ဖြစ် တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်မိမိ ပိုင်တော်မူသောသူတို့အား လုံးဝလွတ်မြောက် စေတော်မူမည်ဖြစ်ကြောင်းငါတို့ယုံကြည် စိတ်ချနိုင်ပေသည်။ ငါတို့သည်ကိုယ်တော် ၏ဘုန်းအသရေတော်ကိုချီးကူး ထောမနာပြုကြကုန်စို့။
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
ဤသို့ဆိုသော်ငါသည်အလှူကိုခံယူလို၍ မဟုတ်။ သင်တို့၏ငွေစာရင်းတွင်အမြတ်တိုး လာစေရန်ငါအလိုရှိ၏။-
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
သင်တို့သည်ဘုရားသခင်၏ကျေးဇူးတော် အကြောင်းကိုကြားရပြီးသည့်နေ့မှစ၍ ထို ကျေးဇူးတော်ကိုအမှန်သိမြင်ခံစားရကြ သည်နှင့်အမျှသတင်းကောင်းသည် သင်တို့ ထံသို့ပျံ့နှံ့၍လာပေသည်။ ထိုနည်းတူစွာ သတင်းကောင်းသည်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ ကောင်းချီးမင်္ဂလာများခံစားစေ လျက်ရှိပေသည်။-
ဤနည်းအားဖြင့်ငါတို့အရှင်သခင်ယေရှု ၏နာမတော်သည်သင်တို့ကိုအကြောင်းပြု၍ ဘုန်းအသရေတော်ထွန်းတောက်လိမ့်မည်။ သင် တို့သည်လည်းကိုယ်တော်ကိုအကြောင်းပြု၍ ဘုန်းအသရေထွန်းတောက်ကြလိမ့်မည်။ ငါ တို့၏ဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏ကျေးဇူးတော်အားဖြင့်ဤသို့ ဖြစ်ပါစေသော။
စားဝတ်နေရေးအတွက်အမှန်တကယ်လိုအပ် သည်တို့ကိုရရှိနိုင်ရန် ငါတို့၏လူစုသည် ကောင်းသောအသက်မွေးမှုကိုပြုကြရန်သွန် သင်လော့။ မိမိတို့၏လုပ်အားကိုအချည်းနှီး မဖြစ်စေရကြ။
ဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-