Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 1:14 - Common Language Bible

14 ဝိ​ညာဉ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော် အား​က​တိ​ထား​တော်​မူ​သည့်​အ​တိုင်း ငါ​တို့ ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက်​ဖြစ် တော်​မူ​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ ပိုင်​တော်​မူ​သော​သူ​တို့​အား လုံး​ဝ​လွတ်​မြောက် စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ငါ​တို့​ယုံ​ကြည် စိတ်​ချ​နိုင်​ပေ​သည်။ ငါ​တို့​သည်​ကိုယ်​တော် ၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး ထော​မ​နာ​ပြု​ကြ​ကုန်​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို​ဝိညာဉ်​တော်​သည် ပိုင်ဆိုင်​တော်မူ​သော​သူ​တို့​ရွေးနုတ်​ခြင်း​ခံရ​သည်​အထိ ငါ​တို့​၏​အမွေ​အတွက် စရန်​ဖြစ်​တော်မူ​၏။ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​အတွက်​လည်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို​ဝိညာဉ်တော်​သည် ဘုရားသခင်​၏​လူများ ရွေးနုတ်တော်မူခြင်း​ခံရမည့်​ကာလ မရောက်မချင်း ကျွန်ုပ်တို့​၏ အမွေ​အတွက် အာမခံချက်​ပေး​လျက် စရန်​အဖြစ် ရှိတော်မူ၏။ ဤသည်​မှာ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 1:14
18 ပူးပေါင်းရင်းမြစ်များ  

ရှေး​အ​ခါ​က​ရွေး​ကောက်​တော်​မူ​ခဲ့​သည့် လူ​စု​တော်၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့် ကျွန်​ဘ​ဝ​မှ​ရွေး​နုတ်​ဝယ်​ယူ​တော်​မူ​ခဲ့​သည့် လူ​စု​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ ယ​ခင်​က​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ခဲ့​ရာ ဇိ​အုန်​တောင်​ကို​သ​တိ​ရ​တော်​မူ​ပါ။


ကိုယ်​တော်​သည်​သူ​တို့​အား​မိ​မိ​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ပြည်​တော်​သို့​လည်း​ကောင်း၊ ကိုယ်​တော်​တိုင်​သိမ်း​ပိုက်​တော်​မူ​ခဲ့​သည့် တောင်​တော်​သို့​လည်း​ကောင်း​ပို့​ဆောင်​တော် မူ​၏။


ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ကို​ကိုယ်​လည်း ကောင်း၊ သင်​တို့​လက်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ပေး​အပ်​ထား​သည့်​သိုး​စု​ကို​လည်း​ကောင်း​စောင့် ရှောက်​ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​၏​အ​သင်း တော်​ကို​သိုး​ထိန်း​သ​ဖွယ်​စောင့်​ထိန်း​ကြည့်​ရှု​ကြ လော့။ ကိုယ်​တော်​သည်​မိ​မိ​သား​တော်​အ​သေ​ခံ သော​အား​ဖြင့် ထို​အ​သင်း​တော်​ကို​မိ​မိ​ပိုင်​ဆိုင် ရာ​ဖြစ်​စေ​တော်​မူ​သည်။-


``ယ​ခု​သင်​တို့​အား​ဘု​ရား​သ​ခင်​၏​လက် တော်​သို့​လည်း​ကောင်း၊ ကျေး​ဇူး​တော်​တ​ရား သို့​လည်း​ကောင်း​ငါ​အပ်​နှံ​ပါ​၏။ ထို​ကျေး​ဇူး တော်​တ​ရား​သည်​သင်​တို့​ကို​တည်​ဆောက်​၍ ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​အ​တွက် လျာ​ထား​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​သင် တို့​အား​ခံ​စား​စေ​လိမ့်​မည်။-


အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။-


ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-


မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​တံ​ဆိပ်​ခတ်​နှိပ် တော်​မူ​၏။ အ​နာ​ဂတ်​ကာ​လ​၌​ငါ​တို့​အ​ဖို့ လျာ​ထား​သည်​များ​အ​တွက်​အာ​မ​ခံ​ချက် အ​ဖြစ် ကိုယ်​တော်​သည်​ငါ​တို့​စိတ်​နှ​လုံး​ထဲ သို့​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း တော်​မူ​၏။


ဤ​သို့​ပြောင်း​လဲ​စေ​ရန်​ငါ​တို့​ကို​ပြင်​ဆင် ပေး​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ​တို့​ခံ​စား​စေ​ရန်​ကိုယ်​တော်​၏​ဆု​ကျေး​ဇူး အ​ပေါင်း​အ​တွက် အာ​မ​ခံ​ချက်​အ​ဖြစ်​ဖြင့် ဝိ​ညာဉ်​တော်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ပြီ။


သင်​တို့​သည်​ကိုယ်​တော်​၏​သား​များ​ဖြစ်​ကြောင်း သက်​သေ​ပြ​ရန်``အဗ္ဗ၊ အ​ဘ'' ဟု​ကြွေး​ကြော်​သော သား​တော်​၏​ဝိ​ညာဉ်​တော်​ကို​ငါ​တို့​စိတ်​နှ​လုံး ထဲ​သို့​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-


ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-


သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။


ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​စိတ် မ​နာ​စေ​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော် သည် သင်​တို့​အား​ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​ကြောင်း သက်​သေ​ခံ​တံ​ဆိပ်​အ​မှတ်​အ​သား​ဖြစ်​၍ နောက်​ဆုံး သော​နေ့​ရက်​၌​သင်​တို့​သည်​ကိုယ်​တော်​၏​ကယ်​တင် ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​အာ​မ​ခံ​ချက် ဖြစ်​သော​ကြောင့်​တည်း။-


သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ