မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ထွက်မြောက် 21:6 - Common Language Bible သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။ Garrad Bible သ ခင် သည် ဘု ရား သ ခင့် အ ထံ တော် သို့ ခေါ် သွင်း ပြီး မှ အိမ် တံ ခါး၊ သို့ မ ဟုတ် တံ ခါး တိုင် သို့ ဆောင် ယူ၍ ကျွန် လည်း စူး နှင့် နား ဖောက် ခံ လျက် သ ခင့် ထံ အ စဉ် ကျွန် ခံ စေ။ Judson Bible သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း သခင်သည် သူ့အား ဘုရားသခင်၏ရှေ့တော်သို့ခေါ်ဆောင်လာရမည်။ သူ့အား တံခါး၊ သို့မဟုတ် တံခါးတိုင်သို့ခေါ်ဆောင်လာ၍ သခင်သည် သူ၏နားရွက်ကို စူးဖြင့်ဖောက်ရမည်။ သူသည် အစဉ်အမြဲအစေခံရမည်။ |
မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ဘုရားသခင်သည်ကောင်းကင်တွင်ကျင်းပ သည့် ကောင်စီအစည်းအဝေး၌နေရာယူတော်မူ၏။ ကိုယ်တော်သည်ဘုရားတို့၏အစည်းဝေး၌ စီရင်ဆုံးဖြတ်တော်မူသည်မှာ
``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
``လူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားနေစဉ် ကိုယ်ဝန်ဆောင်မိန်းမကိုထိခိုက်မိသဖြင့် ကိုယ် ဝန်ပျက်သော်လည်းဒဏ်ရာမရစေလျှင်၊ ထိ ခိုက်နာကျင်စေသောသူကထိုမိန်းမ၏လင် ယောကျာ်းတောင်းဆိုသမျှလျော်ကြေးကို တရားသူကြီးများ၏သဘောတူညီချက် ဖြင့်ပေးရမည်။-
သို့ရာတွင်ထိုကျွန်ကသူ၏သခင်၊ သူ၏ ဇနီးနှင့်သားသမီးတို့ကိုချစ်၍လွတ် မြောက်ခွင့်မယူလိုပါက၊-
``တစ်စုံတစ်ယောက်သောသူသည်သမီးကိုကျွန် အဖြစ်ရောင်းလျှင်၊ ထိုကျွန်မိန်းမသည်ကျွန် ယောကျာ်းတို့ကဲ့သို့လွတ်မြောက်ခွင့်မရနိုင်။-
``သင်တို့သည်ဘုရားသခင်ကိုပြစ်မှားပြော ဆိုခြင်းမပြုရ။ သင်တို့၏လူမျိုးခေါင်းဆောင် ကိုမကျိန်ဆဲရ။
ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
သူသည်ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ရောက်သည်အထိ သင့်ထံမှာသူရင်းငှား အဖြစ်သင်၏အမှုကိုထမ်းစေရမည်။-
ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။-
``ထိုအချိန်ကငါသည်အုပ်ချုပ်သူတို့အား`သင် တို့အမျိုးသားချင်းနှင့်ဆိုင်သောအမှုအခင်း များနှင့် သင်တို့တွင်အတူနေထိုင်သောလူမျိုး ခြားများနှင့်ဆိုင်သည့်အမှုအခင်းများကို ကြားနာ၍ တရားမျှတစွာစီရင်ဆုံးဖြတ် ကြလော့။-
``သို့ရာတွင်ကျွန်သည် သင်နှင့်သင်၏မိသားစု ကိုခင်မင်၍ပျော်ပိုက်နေသဖြင့် အိမ်မှထွက် မသွားလိုပါဟုဆိုလျှင်၊-
သူ့ကိုအိမ်တံခါးသို့ခေါ်ဆောင်ပြီးနောက် သူ ၏နားကိုစူးဖြင့်ဖောက်ရမည်။ ထိုအခါသူ သည်သင်ထံ၌ရာသက်ပန်ကျွန်ခံရမည်။ ကျွန်မိန်းမကိုလည်းထိုနည်းတူပြုရမည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-
သို့ရာတွင်ယခုအကြိမ်၌ဟန္နသည်မလိုက် ဘဲနေ၏။ သူသည်မိမိခင်ပွန်းအား``ကလေး ကိုနို့ဖြတ်ပြီးလျှင်ပြီးချင်း သူ့အားထာဝရ ဘုရား၏အိမ်တော်တွင်အမြဲနေစေရန် ကျွန်မခေါ်ဆောင်သွားပါမည်'' ဟုပြော၏။
သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။
ဒါဝိဒ်က``မှန်လှပါ။ အကျွန်ုပ်သည်အရှင်၏ အစေခံဖြစ်ပါ၏။ အကျွန်ုပ်အဘယ်သို့စွမ်း ဆောင်နိုင်သည်ကိုကိုယ်တော်တွေ့မြင်ရပါ လိမ့်မည်'' ဟုလျှောက်၏။ အာခိတ်ကလည်း``ကောင်းပြီ။ သင့်အားငါ ၏အမြဲတမ်းသက်တော်စောင့်အဖြစ်ခန့် ထားမည်'' ဟုဆို၏။