သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
ထွက်မြောက် 2:5 - Common Language Bible ဖာရောဘုရင်၏သမီးတော်သည်ရေချိုးရန် မြစ်ထဲသို့ဆင်းလာစဉ်၊ သူ၏အခြွေအရံတို့ ကမြစ်ကမ်းပေါ်တွင်လမ်းလျှောက်၍စောင့်ကြပ် နေကြ၏။ သမီးတော်သည်ကိုင်းတောထဲ၌ ခြင်းတောင်းကိုမြင်လျှင်၊ ကျွန်မတစ်ယောက် ကိုလွှတ်၍ထိုခြင်းတောင်းကိုယူခဲ့စေ၏။- Garrad Bible ဖာ ရော မင်း၏ သ မီး တော် သည် အ ပျို တော် တို့ ကမ်း ခြေ လှည့် လည် ကြ စဉ်၊ မြစ်၌ ရေ သုံး သပ် ရန် ဆင်း သွား ရာ ကျူ တော တွင် ကြုတ် ကို မြင်၍ ဆောင် ယူ ခဲ့ စေ ရန် ကျွန် မိန်း မ တစ် ယောက် ကို ခိုင်း သည့် အ တိုင်း Judson Bible ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှာဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌လှည့်လည်စဉ်၊ ကိုင်းတော၌ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှာ ကျွန်မ တစ်ယောက်ကိုစေလွှတ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် ဖာရောမင်းကြီး၏သမီးတော်သည် ရေချိုးရန် နိုင်းမြစ်ထဲသို့ဆင်းလာ၏။ သူ၏အပျိုတော်များကား မြစ်ကမ်းနား၌ လမ်းလျှောက်နေကြ၏။ ထိုအခါ သူသည် ကျူတောထဲမှ ဖာတောင်းကိုတွေ့လျှင် ကျွန်မတစ်ယောက်ကို လွှတ်၍ယူစေ၏။ |
သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။
ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
နံနက်တွင်ဘုရင်သည်နိုင်းမြစ်ကမ်းသို့ဆင်း သောအခါသူ့ထံသို့သွားလော့။ မြွေအဖြစ် သို့ပြောင်းခဲ့သောတောင်ဝှေးကိုယူဆောင်၍ မြစ်ကမ်းပေါ်တွင်စောင့်နေလော့။-
တစ်ဖန်ထာဝရဘုရားကမောရှေအား``နံနက် စောစောအချိန်၌ဘုရင်သည်ရေဆိပ်သို့သွား သောအခါ သူနှင့်တွေ့ဆုံ၍`ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
ထိုနောက်ဘုရားသခင်အမိန့်ပေးသဖြင့်ငါးကြီးတစ်ကောင်သည်ယောနကိုမျိုလေ၏။ ယောနလည်းငါးကြီး၏ဝမ်းဗိုက်တွင်း၌သုံးရက်ပတ်လုံးနေရ၏။
ထိုအခါထာဝရဘုရားသည်ငါးကြီး အားအမိန့်ပေးသဖြင့် ငါးကြီးသည်ယောန အားကုန်းပေါ်သို့အန်ထုတ်လေ၏။
သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။-