ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။
ထွက်မြောက် 18:11 - Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အပေါ် မာနထောင်လွှားခဲ့သော အီဂျစ်အမျိုးသားတို့အပေါ်ပြုမူပုံ ကြောင့် ထာဝရဘုရားသည်ဘုရားအပေါင်း တို့ထက်ပို၍ဘုန်းတန်ခိုးကြီးတော်မူ ကြောင်းယခုငါသိပြီ'' ဟုဆို၏။- Garrad Bible လူ မျိုး တော့် တစ် ဘက် ထ ကြွ ထောင် လွှား သူ တို့ အ မှု တွင် ပင် ထာ ဝ ရ ဘု ရား သည် ဘု ရား ဟူ သ မျှ ထက် ကြီး မြတ် တော် မူ ကြောင်း ငါ သိ ပြီ ဟု ဆို ၏။ Judson Bible ထာဝရဘုရားသည် အခြားသောဘုရားရှိသမျှတို့ထက် သာ၍ကြီးမြတ်တော်မူကြောင်းကို ယခုငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသောအမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟုဆိုပြီးမှ၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အစ္စရေးလူမျိုးတို့ကို ဖိနှိပ်ညှဉ်းဆဲသောအမှုအရာကြောင့် ထာဝရဘုရားသည် ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူကြောင်းကို ယခုငါသိပြီ”ဟု ဆို၏။ |
ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။
သူသည်မိမိ၏နောက်လိုက်နောက်ပါအပေါင်းနှင့် အတူ ဧလိရှဲထံသို့ပြန်သွားပြီးလျှင်'' ဣသရေလ အမျိုးသားတို့၏ဘုရားမှတစ်ပါး အခြားဘုရား မရှိကြောင်းကိုယခုအကျွန်ုပ်သိပါပြီ။ သို့ဖြစ်၍ အရှင်၊ အကျွန်ုပ်ပေးလှူသောလက်ဆောင်ကိုလက်ခံ တော်မူပါ'' ဟုပြော၏။
ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
ကျွန်ုပ်တို့၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်သည်ဖြစ်၍ ကျွန်ုပ်သည်ကြီး ကျယ်ခမ်းနားသည့်ဗိမာန်တော်ကိုတည် ဆောက်ရန်ရည်ရွယ်ပါ၏။-
ဖာရောဘုရင်၏မှူးမတ်များနှင့် တိုင်းသူပြည်သားများသည် ကိုယ်တော်၏လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်ကြသဖြင့် သူတို့အားကိုယ်တော်သည်အံ့သြဖွယ်ရာနိမိတ် လက္ခဏာများကိုပြ၍၊ဒဏ်ခတ်တော်မူသဖြင့် ဂုဏ်သတင်းတော်သည်ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
သို့ရာတွင်အကျွန်ုပ်တို့ဘိုးဘေးများသည် မာန်မာနထောင်လွှားကာ ခေါင်းမာလာပြီးလျှင်ကိုယ်တော်၏အမိန့်တော် တို့ကို မလိုက်နာကြပါ။
ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
ကိုယ်တော်ရှင်သည်မာန်မာနကြီးသူတို့ကို ကြပ်တည်းစွာဆိုဆုံးမတော်မူပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်မားမှ သွေဖည်သွားကြသူတို့သည်အမင်္ဂလာရှိကြ၏။
ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသောဘုရား၊ ဘုရားတကာတို့ထက်တန်ခိုးကြီးသည့်ဘုရင် ဖြစ်တော်မူသောကြောင့်ဖြစ်၏။
အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
သူတို့၏လူဦးရေယခုထက်မတိုးပွားလာစေရန် လိမ္မာစွာငါတို့ပြုရကြမည်။ အကယ်၍စစ်မက်ဖြစ်ပွားလာလျှင် သူတို့သည်ငါတို့၏တစ်ဘက်ရန်သူနှင့်ပူးပေါင်း၍ငါတို့ကိုတိုက်ခိုက်ပြီးလျှင် တိုင်းပြည်မှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်ကြားလေ၏။-
``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
``ထိုနေ့ညတွင်ငါသည် အီဂျစ်ပြည်ကိုဖြတ် သန်းကြွသွား၍ လူနှင့်တိရစ္ဆာန်တို့၏သားဦး ရှိသမျှတို့ကိုသေဒဏ်ခတ်၍ အီဂျစ်ပြည် ရှိဘုရားအပေါင်းတို့ကိုဒဏ်စီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။-
ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။-
အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။