၂ ရာချုပ် 2:5 - Common Language Bible5 ကျွန်ုပ်တို့၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်သည်ဖြစ်၍ ကျွန်ုပ်သည်ကြီး ကျယ်ခမ်းနားသည့်ဗိမာန်တော်ကိုတည် ဆောက်ရန်ရည်ရွယ်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ကျွန်ုပ် တို့ ဘု ရား သ ခင် သည် ဘု ရား တ ကာ တို့ ထက် ကြီး မြတ် တော် မူ သည် နှင့် အ ညီ ကျွန်ုပ် တည် ဆောက် အံ့ သော ဗိ မာန် လည်း ကြီး မြတ် သင့် ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရမည်။ ငါတို့ဘုရားသခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အကျွန်ုပ်တို့၏ဘုရားသခင်သည် ဘုရားတကာတို့ထက်ကြီးမြတ်သောဘုရား ဖြစ်တော်မူသောကြောင့် အကျွန်ုပ်ဆောက်လုပ်ရမည့်အိမ်တော်သည်လည်း ကြီးမြတ်ရပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်လူထုတစ်ရပ်လုံးအား``ငါ့ သားရှောလမုန်သည်ဘုရားသခင်ရွေးချယ် တော်မူသောသူဖြစ်၏။ သို့သော်လည်းအသက် အရွယ်ငယ်၍အတွေ့အကြုံမရှိသေးသူ ဖြစ်၏။ သူပြုရမည့်အမှုကားအလွန်ကြီး မားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတည်ဆောက်ရမည်မှာလူတို့အတွက် နန်းတော်မဟုတ်ဘဲ ဘုရားသခင်ထာဝရ ဘုရားအတွက်ဗိမာန်တော်ဖြစ်သော ကြောင့်တည်း။-
အခါတစ်ပါးကထိုသူတို့သည်မိမိတို့ ၏လှပသောကျောက်မျက်ရတနာများ အတွက် ဝါကြွားဂုဏ်ယူခဲ့ကြသော်လည်း ယင်းတို့ကိုစက်ဆုပ်ဖွယ်ကောင်းသည့်ရုပ်တု များပြုလုပ်ရာတွင်အသုံးပြုကြကုန်၏။ သို့ဖြစ်၍ထာဝရဘုရားသည်သူတို့အား ထိုရတနာများသည်သူတို့အတွက်မသန့် ရှင်းသောအရာများဖြစ်စေတော်မူ၏။
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
``အကယ်စင်စစ်ကျွန်တော်မျိုးနှင့်ကျွန်တော် မျိုး၏လူတို့သည် ကိုယ်တော်ရှင်အားအဘယ် အရာကိုမျှပေးလှူနိုင်စွမ်းမရှိပါ။ ခပ်သိမ်း သောအရာတို့သည်ကိုယ်တော်ရှင်ပေးသနား ထားသည့်ဆုကျေးဇူးများဖြစ်သဖြင့် ကျွန် တော်မျိုးတို့သည်ကိုယ်တော်ရှင်ပိုင်သည့် အရာများကိုသာလျှင်ကိုယ်တော်ရှင် အားပြန်လည်ဆက်သခြင်းဖြစ်ပါ၏။-