သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
တောလည် 19:2 - Common Language Bible ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ ဣသရေလအမျိုးသားတို့သည် အပြစ် အနာကင်း၍ထမ်းပိုးမတင်ရသေးသော နွားနီမတစ်ကောင်ကို၊- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော တ ရား ထုံး ဖွဲ့ ချက် ကား ဣ သ ရေ လ အ မျိုး သား တို့ သည် ထမ်း ပိုး မ တင် ကြန် အင် စုံ လင် သော နွား နီ မ တစ် ကောင် ကို သင် တို့ ထံ ဆောင် သွင်း ကြ ပြီး လျှင်၊ Judson Bible အပြစ်မပါ၊ တစ်ခါမျှထမ်းပိုးမတင်၊ ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။ မြန်မာ့စံမီသမ္မာကျမ်း “ထာဝရဘုရား မိန့်မှာတော်မူသောပြဋ္ဌာန်းချက်တရားကား ဤသို့ဖြစ်၏။ ကိုယ်အင်္ဂါမချို့ယွင်း၊ ထမ်းပိုးမတင်ရသေးသော၊ အပြစ်အနာအဆာကင်းသော အနီရောင်နွားမတမ်းတစ်ကောင်ကို ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ |
သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
ထိုနောက်သူသည်အကာရှသစ်သား၊ ဟုဿုပ် ညွန့်နှင့်ချည်ကြိုးအနီတို့ကိုမီးပုံထဲသို့ ပစ်ချရမည်။-
ယဇ်ပုရောဟိတ်ဧလာဇာကလည်းတိုက်ပွဲပြန် စစ်သည်တို့အား``ထာဝရဘုရားကမောရှေ အားမိန့်ကြားတော်မူသောပညတ်များမှာ၊-
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
ထို့နောက်အလောင်းနှင့်အနီးဆုံးမြို့မှအကြီး အကဲတို့သည် ထမ်းပိုးမတင်ရသေးသော နွားမတမ်းမတစ်ကောင်ကိုရွေးရမည်။-
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-
ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။
အပြစ်အနာအဆာကင်းစင်သည့်သိုးသူငယ် နှင့်တူသောခရစ်တော်၏အသက်တော်ကို တင်လှူပူဇော်ခြင်းဖြစ်ပေသည်။-
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-
သို့ဖြစ်၍လှည်းသစ်ကိုပြုလုပ်ပြီးနောက် တစ် ခါမျှထမ်းပိုးမတင်ဘူးသေးသောသားငယ် ရှိသည့်နွားမနှစ်ကောင်ကိုလှည်း၌တပ်၍ သားငယ်တို့ကိုမူခြံသို့ပြန်ပို့လော့။-