တရားဟော 21:3 - Common Language Bible3 ထို့နောက်အလောင်းနှင့်အနီးဆုံးမြို့မှအကြီး အကဲတို့သည် ထမ်းပိုးမတင်ရသေးသော နွားမတမ်းမတစ်ကောင်ကိုရွေးရမည်။- အခန်းကိုကြည့်ပါ။Garrad Bible3 အ နီး ဆုံး သော မြို့ ရွာ ရှိ လူ ကြီး များ တို့ သည် စေ စား ခြင်း၊ ထမ်း ပိုး တင် ခြင်း မ ခံ ဘူး သော နွား မ တန်း ကို ယူ ၍၊ အခန်းကိုကြည့်ပါ။Judson Bible3 အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက်ကြီးသူတို့သည် ထမ်းပိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဖူးသေးသော နွားသငယ်ကိုယူ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အသတ်ခံရသောသူနှင့်အနီးဆုံးမြို့မှ သက်ကြီးဝါကြီးတို့သည် မခိုင်းရသေးသော၊ ထမ်းပိုးမတင်ရသေးသော နွားမတမ်းတစ်ကောင်ကိုယူရမည်။ အခန်းကိုကြည့်ပါ။ |
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-