ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
တောလည် 11:2 - Common Language Bible ထိုအခါလူတို့သည်မောရှေအားအော်ဟစ်၍ အကူအညီတောင်းခံ၏။ မောရှေသည်ထာဝရ ဘုရားထံဆုတောင်းသဖြင့်မီးငြိမ်းသွား လေသည်။- Garrad Bible ထာ ဝ ရ ဘု ရား ထံ မော ရှေ တောင်း ပန် သ ဖြင့် မီး ငြိမ်း လေ ၏။ Judson Bible လူများတို့သည် မောရှေအားအော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် မောရှေအား အော်ဟစ်ကြ၏။ မောရှေသည်လည်း ထာဝရဘုရားထံ ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။ |
ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။
အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။-
ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
မောရှေအား``အရှင်၊ အကျွန်ုပ်တို့၏မိုက်မဲ သောအပြစ်ကြောင့်ဒဏ်မခံရပါစေနှင့်။-
သို့ဖြစ်၍မောရှေသည်ထာဝရဘုရားအား``အို ဘုရားသခင်၊ မိရိအံ၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုအော်ဟစ်တောင်း လျှောက်လေ၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
ရှိမုန်က``အရှင်တို့မြွက်ဆိုသည့်အမှုအရာ တစ်စုံတစ်ခုကိုမျှမခံရစေရန် သခင်ဘုရား ထံအကျွန်ုပ်၏အတွက်ဆုတောင်းပေးတော်မူ ကြပါ'' ဟုတောင်းပန်လေသည်။
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-
သို့ဖြစ်၍သင်တို့အချင်းချင်းမိမိတို့၏ အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်း အတွက်ဆုတောင်းသဖြင့်သင်တို့၏ရောဂါ များပျောက်ကင်းလိမ့်မည်။ သူတော်ကောင်း၏ ဆုတောင်းပတ္ထနာသည်အလွန်တန်ခိုးပါ၏။-
ညီအစ်ကိုတစ်စုံတစ်ယောက်သည်အသက် ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်မှလွဲ၍ အခြားအပြစ် တစ်စုံတစ်ရာကိုကူးလွန်ပါမူသူ့အတွက် ဘုရားသခင်ထံဆုတောင်းလော့။ ကိုယ်တော် သည်သူ့အားအသက်ကိုပေးတော်မူလိမ့်မည်။ အသက်ဝိညာဉ်ဆုံးရှုံးမည့်အြုပစ်ကိုမကူး သူများအတွက်သာ ဤသို့ဆုတောင်းပေးရန် ဖြစ်သည်။ သို့ရာတွင်အသက်ဝိညာဉ်ဆုံးရှုံး မည့်အပြစ်ဟူ၍ရှိသည်။ ထိုအပြစ်မျိုးကို ကူးသူအတွက်ဆုတောင်းရမည်ဟုငါမဆို။-