အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
တမန်တော်ဝတ္ထု 20:27 - Common Language Bible အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။- Judson Bible ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲမရှောင်ဘဲ ပြုခဲ့ပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။ |
အို သူတော်ကောင်းအပေါင်းတို့၊ ထာဝရဘုရားပြုတော်မူသောအမှုတော် အတွက် ဝမ်းမြောက်ရွှင်မြူးကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ရွှင်လန်းစွာကြွေးကြော်ကြလော့။
ကျွန်တော်မျိုးသည်ကယ်တင်ခြင်းသတင်းတော်ကို မျိုသိပ်၍မထားပါ။ ကိုယ်တော်ရှင်၏သစ္စာတော်အကြောင်းနှင့် ကူမတော်မူခြင်းအကြောင်းတို့ကို အစဉ်ပင်ဖော်ပြခဲ့ပါ၏။ ကိုယ်တော်ရှင်၏လူစုတော်ဝင်အပေါင်းတို့ စုဝေးရာ၌ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းနှင့် ခိုင်မြဲသောမေတ္တာတော်အကြောင်းတို့ကို မထိမ်မဝှက်ပါ။
အကယ်၍သူတို့သည်ငါ၏လျှို့ဝှက်သော အကြံအစည်တော်တို့ကိုသာသိရှိကြ မည်ဆိုပါမူ ငါ၏ဗျာဒိတ်တော်ကိုငါ့လူ မျိုးတော်အားဟောပြောကြေညာကာ သူတို့ ၏ဆိုးညစ်သည့်အကျင့်များနှင့်သူတို့ပြု သည့်ယုတ်မာမှုများကိုစွန့်ပစ်စေနိုင်ကြ လိမ့်မည်။
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
ထိုနောက်ဗာဗုလုန်ဘုရင်၏တပ်မတော် သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်နေ စဉ်ပရောဖက်ယေရမိသည် ထိုအကြောင်း အရာအလုံးစုံကိုဇေဒကိအားဆင့်ဆို ပြန်ကြား၏။ ဗာဗုလုန်တပ်မတော်သည် ယုဒပြည်ရှိခံတပ်မြို့များအနက် ကျန် ရှိသေးသည့်မြို့များဖြစ်သောလာခိရှ မြို့နှင့်အဇေကာမြို့တို့ကိုလည်းတိုက် ခိုက်လျက်နေသတည်း။
ယခုသင်တို့အားငါပြန်လည်ပြောကြား ပြီးလေပြီ။ သို့ရာတွင်သင်တို့သည်မိမိတို့ ဘုရားသခင်ထာဝရဘုရားက ငါ့အား စေလွှတ်၍ပြောကြားစေသမျှသောအမိန့် တော်တို့ကိုဖီဆန်ခဲ့ကြ၏။-
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
ဒါဝိဒ်သည်မိမိအသက်ရှင်စဉ်ကာလ၌ ဘုရား သခင်အကြံအစည်တော်ရှိသည်အတိုင်း လိုက်လျှောက်ဆောင်ရွက်ပြီးနောက်သေလွန်၍ ဘိုးဘေးများ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းကို ခံရ၏။ သူ၏ကိုယ်ခန္ဓာသည်သင်္ချိုင်းတွင်ပုပ် ပျက်သွားရ၏။-
ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
လူပရိသတ်ရှေ့တွင်လည်းကောင်း၊ သင်တို့ အိမ်များတွင်လည်းကောင်း ငါဟောပြောသွန် သင်သောအခါသင်တို့အားအကျိုးရှိစေ မည့်စကားများကိုအဘယ်အခါ၌မျှ ချန်လှပ်၍မထားခဲ့။-
ငါ၏နည်းတူသင်တို့သည်လည်းခပ်သိမ်းသော အခြေအနေတွင် အလုပ်ကိုကြိုးစား၍လုပ် ပြီးလျှင် နွမ်းပါးသူတို့ကိုကူညီမစကြရန် ငါပြသခဲ့ပြီ။ သခင်ယေရှုက `စွန့်ကြဲခြင်း သည်အစွန့်ကြဲခံခြင်းထက်ပို၍မင်္ဂလာရှိ၏' ဟုမိန့်တော်မူခဲ့သည်ကိုသတိရကြလော့'' ဟုဆို၏။
သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။
ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။-
ယင်းသို့ပြုမည့်အစားသခင်ဘုရားသည် ငါတို့အားထိုက်တန်သူများအဖြစ်လက်ခံ တော်မူသဖြင့် သတင်းကောင်းကြေညာရန် လွှဲအပ်တော်မူသည်နှင့်အညီငါတို့သည် ကိုယ်တော်ဟောပြောစေသည့်အတိုင်းအစဉ် ပင်ဟောပြောကြ၏။ ငါတို့သည်လူတို့နှစ် သက်မှုကိုရရန်မကြိုးစား။ ငါတို့စိတ် နှလုံးကိုစစ်ဆေးကြည့်ရှုတော်မူတတ် သော၊ ဘုရားသခင်နှစ်သက်မှုကိုသာ လျှင်ရရန်ကြိုးစားကြ၏။-
ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။