အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
ဇာခရိ 9:6 - Common Language Bible အာဇုတ်မြို့တွင်အမျိုးမစစ်သည့်လူတို့နေ ထိုင်ကြလိမ့်မည်။ ထာဝရဘုရားက``ငါသည် ဖိလိတ္တိအမျိုးသားတို့မာန်မာနကိုချိုးနှိမ် မည်။- Garrad Bible ဖိ လိ တ္တိ လူ မျိုး၏ ဂုဏ် အ သ ရေ ကို၊ ငါ ပယ် ဖြတ် မည့် အ လျောက်၊ အာ ဇုတ် မြို့ တွင် ဗ န္ဒတ် တို့ နေ ရာ ကျ သ ဖြင့်၊ Judson Bible အာဇုတ်မြို့၌ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏မာနကိုလည်း ငါချိုးဖဲ့မည်။ မြန်မာ့စံမီသမ္မာကျမ်း “အာဇုတ်မြို့တွင် မျိုးမစစ်သောသူတို့ နေထိုင်ကြလိမ့်မည်။ ဖိလိတ္တိလူမျိုးတို့၏မာနကို ငါချိုးဖျက်မည်။ |
အလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ် ဥစ္စာဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစား ရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သော သူတပါးဝင်၍ ခံစားရသောအမှု သည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားပင်ဖြစ် ပါသည်တကား။ ကိုယ်တော်သည်ထိုသူတို့ ၏မာန်မာနကိုချိုးတော်မူလိုသဖြင့်၊ သူ တို့တွင်ဂုဏ်အသရေရှိသူတို့အားရှုတ်ချ တော်မူလိုသဖြင့်ဤသို့ကြံစည်တော်မူ ခြင်းဖြစ်ပေသည်။
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
ဂါဇမြို့ကိုအီဂျစ်ဘုရင်မတိုက်ခိုက်မီ ဖိလိတ္တိအမျိုးသားများကိုရည်မှတ်၍ ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။
ဤသို့လျှင်မောဘပြည်သားများနှင့်အမ္မုန် ပြည်သားများသည်မိမိတို့၏မာနကြီး မှု၊ မောက်မာထောင်လွှားမှုနှင့်အနန္တတန်ခိုး ရှင်ထာဝရဘုရား၏လူတို့ကိုစော်ကား မှုတို့ကြောင့်အပြစ်ဒဏ်ခံရကြလိမ့်မည်။-
ဂါဇမြို့တွင်လူတစ်စုံတစ်ယောက်မျှကျန် ရှိလိမ့်မည်မဟုတ်။ အာရှကေလုန်မြို့သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ အာဇုတ် မြို့သားတို့သည်တစ်နေ့ချင်းတွင်အနှင် ခံရကြလျက်ဧကြုန်မြို့သားတို့သည် ထိုမြို့မှထွက်ပြေးရကြလိမ့်မည်။-
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-
သူသည်သွေးပါသည့်အသားကိုသော်လည်း ကောင်း၊ အခြားတားမြစ်ရာပါအစားအစာ ကိုသော်လည်းကောင်းစားကြတော့မည်မဟုတ်။ အသက်မသေဘဲကြွင်းကျန်နေသူမှန်သမျှ သည် ငါ၏လူမျိုးတော်တွင်ပါ၍လာကြလိမ့် မည်။ သူတို့သည်ယုဒအနွယ်ဝင်သားချင်း စုတစ်စုကဲ့သို့ဖြစ်ကြလိမ့်မည်။ ဧကြုန်မြို့ သားတို့သည်ယေဗုသိမြို့သားများနည်း တူငါ၏လူမျိုးတွင်အပါအဝင်ဖြစ် လာကြလိမ့်မည်။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-