Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇေဖနိ 2:10 - Common Language Bible

10 ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ကို၊ ကဲ့ ရဲ့၍ စော် ကား ကြ သော ကြောင့်၊ ဂုဏ် အ သ ရေ အစား၊ ထို သို့ ခံ ရ ကြ လတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​သူ​တို့​သည် မာ​န​ကြီး​သော​သူ​ဖြစ်၍၊ ကဲ့​ရဲ့​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် ထို​သို့​သော အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဤသည်ကား​၊ သူ​တို့​သည် မာနထောင်လွှား​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​လူမျိုး​တော်​ကို လှောင်ပြောင်​ကဲ့ရဲ့​သော​အပြစ်ဒဏ်​တည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇေဖနိ 2:10
18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။


မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-


သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-


ယု​ဒ​ပြည်​သူ​တို့​က``မော​ဘ​ပြည်​သူ​တို့​သည် အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို​ငါ တို့​ကြား​ရကြ​လေ​ပြီ။ သူ​တို့​သည်​မောက်​မာ ထောင်​လွှား​လျက်​မိ​မိ​တို့​ကိုယ်​ကို​အ​ထင်​ကြီး လျက်​နေ​ခဲ့​ကြ​သော်​လည်း သူ​တို့​ဝါ​ကြွား​မှု များ​သည်​အ​ချည်း​နှီး​သာ​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​ပါ​၏'' ဟု​ဆို​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​မွေ​ပေး​အပ်​ခဲ့​သည့် ပြည်​တော်​ကို​ပျက်​စီး​ယို​ယွင်း​စေ​သော ဣ​သ​ရေ​လ ပြည်​၏​အိမ်​နီး​ချင်း​နိုင်​ငံ​တို့​နှင့်​ပတ်​သက်​၍​ငါ ပြော​စ​ရာ​ရှိ​၏။ ငါ​သည်​ထို​သူ​ယုတ်​မာ​တို့​အား အ​မြစ်​ပြုတ်​သည့်​အ​ပင်​ငယ်​ကဲ့​သို့​သူ​တို့​ပြည် မှ​ဆွဲ​ထုတ်​မည်။ ယု​ဒ​ပြည်​ကို​သူ​တို့​လက်​မှ ဆွဲ​ထုတ်​ကယ်​ဆယ်​မည်။-


``မော​ဘ​ပြည်​သား​တို့၊သင်​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​ကိုယ်​ကို၊အာ​ဇာ​နည်​များ၊စစ်​ပြန် သူ​ရဲ​ကောင်း​များ​ဟု​ပြော​ဆို​ကြ​သ​နည်း။


မော​ဘ​ပြည်​သည်​အ​လွန်​မာ​န​ကြီး​၏။ ပြည်​သူ တို့​သည်​အ​ဘယ်​မျှ​စိတ်​နေ​မြင့်​၍၊ မောက်​မာ ထောင်​လွှား​ကာ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို လည်း​ကောင်း၊ အ​ဘယ်​မျှ​ကိုယ်​ကျိုး​ရှာ​တတ် ကြောင်း​ကို​လည်း​ကောင်း​ငါ​ကြား​သိ​တော် မူ​ပြီ။-


သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။


``အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင်​တို့​သည်​လက်​ခုပ်​တီး​၍​ဝမ်း​မြောက်​စွာ ခုန်​ပေါက်​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​ကို​ရွံ​ရှာ စက်​ဆုပ်​ကြ​၏။-


``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။


ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။ သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အား ခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။


သင်​၏​မာန်​မာ​န​သည်​သင့်​ကို​လှည့်​စား ထား​လေ​ပြီ။ သင်​၏​မြို့​တော်​သည်​ကျောက်​တုံး​ကျောက်​ခဲ ဖြင့် ပြီး​သော​ခံ​တပ်​မြို့​ဖြစ်​၍၊ သင်​၏​တည်​နေ​ရာ​သည်​မြင့်​မား​သော တောင်​ပေါ်​တွင်​ဖြစ်​သ​ဖြင့်၊ `ငါ့​အား​အ​ဘယ်​သူ​ဆွဲ​ချ​နိုင်​ပါ​နည်း' ဟု သင်​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​တတ်​၏။


အ​န​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က ``မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန်​ပြည် သား​များ​သည်​ငါ​၏​လူ​မျိုး​တော်​ကို​စော် ကား​ရန်​စ​ကြ​သည်​ကို​လည်း​ကောင်း၊ သူ တို့​၏​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရန်​ကြွား ဝါ​လျက်​နေ​သည်​ကို​လည်း​ကောင်း​ငါ ကြား​သိ​တော်​မူ​လေ​ပြီ။-


ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ