ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
ဆာလံ 6:1 - Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် ထား၍ အ ကျွန်ုပ် ကို ပဲ့ ပြင် တော် မ မူ ပါ နှင့်။ မ သာ မ ယာ သော စိတ် ရှိ၍ ဆုံး မ တော် မ မူ ပါ နှင့်။ Judson Bible အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက်ထွက်၍ ဆုံးမတော်မမူပါနှင့်။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကိုဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကိုပဲ့ပြင်တော်မမူပါနှင့်။ |
ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။
ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
ငါသည်မိမိလူမျိုးတော်အားအသက်ရှင် ခွင့်ကိုပေး၏။ သူတို့အားဆက်လက်၍ပြစ် တင်စွပ်စွဲလျက်အစဉ်အမြဲအမျက်ထွက် လျက်နေလိမ့်မည်မဟုတ်။-
အို ထာဝရဘုရား၊ကိုယ်တော်၏လူမျိုးတော် အား ဆုံးမပဲ့ပြင်တော်မူပါ။ သို့ရာတွင်ကျွန်တော်မျိုးတို့အပေါ်တွင် တရားမျှတစွာပြုတော်မူပါ။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူချိန်၌ ကျွန်တော်မျိုးတို့အားပြင်းထန်စွာဆုံးမ ပဲ့ပြင်တော်မူ ပါလျှင်ကျွန်တော်မျိုးတို့အကျိုးနည်းရ ပါလိမ့်မည်။
ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။