ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ဆာလံ 47:3 - Common Language Bible ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။ Garrad Bible လူ မျိုး တို့ ကို ငါ တို့ အောက် ၌ လည်း ကောင်း၊ လူ မျိုး ခြား တို့ ကို ငါ တို့ ခြေ အောက်၌ လည်း ကောင်း၊ နှိပ် နင်း တော် မူ ပြီ။ Judson Bible လူစုတို့ကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌လည်းကောင်း နှိမ့်ချတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူမျိုးတကာတို့ကို ငါတို့အောက်၌လည်းကောင်း၊ တိုင်းသူပြည်သားတို့ကို ငါတို့၏ခြေဖဝါးအောက်၌လည်းကောင်း ငြိမ်ဝပ်ပိပြားစေတော်မူ၏။ |
ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
ဘုရားသခင်ပြုတော်မူသောအမှုအရာများ၊ လူတို့တွင်ကိုယ်တော်ပြုတော်မူသောအံ့သြ ဖွယ်ရာ အမှုများကိုလာ၍ကြည့်ကြလော့။
သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။ သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် တန်ခိုးကြီးတော်မူသောဘုရား၊ ဘုရားတကာတို့ထက်တန်ခိုးကြီးသည့်ဘုရင် ဖြစ်တော်မူသောကြောင့်ဖြစ်၏။
ဇိအုန်တောင်ပေါ်မှာထာဝရဘုရားသည် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။
လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
ထိုအခါကမ္ဘာတစ်ဝှမ်းလုံးကိုထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်။ လူအပေါင်း တို့သည်လည်းကိုယ်တော်အား မိမိတို့၏ ဘုရားသခင်အဖြစ်ဝတ်ပြုကိုးကွယ်ကာ ထိုနာမတော်တစ်ပါးတည်းဖြင့်သိမှတ် ကြလိမ့်မည်။
``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားသခင်သည်ရန်သူအပေါင်းကိုနှိမ်နင်း ၍ခရစ်တော်၏ခြေဖဝါးအောက်သို့ရောက် စေတော်မူမည့်အချိန်မရောက်မီ ခရစ်တော် သည်အုပ်စိုးတော်မူရမည်။-
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-