Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 18:47 - Common Language Bible

47 ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မူ​၏။ လူ​မျိုး​တကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

47 ထို ဘု ရား သ ခင် ပင်၊ ငါ့ အ တွက် လက် စား ချေ ၍၊ လူ မျိုး တို့ ကို ငါ့ အောက် သို့ နှိမ့် နင်း သည့် ပြင်၊ ရန် သူ တို့ လက် မှ ငါ့ ကို ကယ် နုတ် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

47 ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

47 ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုး​တို့​ကို ငါ့​လက်​အောက်​သို့ ရောက်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 18:47
7 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊


ကိုယ်​တော်​သည်​ငါ့​ကို​ကွယ်​ကာ​ရာ​ငါ့​ခံ​တပ်၊ ငါ့​ရဲ​တိုက်၊ငါ​၏​ကယ်​တင်​ရှင်၊ငါ​ကိုး​စား​ရာ ဒိုင်း​လွှား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏ လက်​အောက်​သို့​ရောက်​စေ​တော်​မူ​၏။


ကိုယ်​တော်​သည်​ငါ​တို့​အား​လူ​မျိုး​တ​ကာ​တို့​ကို အ​နိုင်​ရ​စေ​၍ တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​စေ​တော်​မူ​၏။


လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ကြ​ကုန်​အံ့။ ငါ​တို့​ခို​လှုံ​ရာ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။


ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​အား အံ​တု​ဖက်​ပြိုင်​သူ​တို့​ကို​သည်း​ခံ​တော်​မ​မူ။ ကိုယ်​တော်​သည်​အ​တိုက်​အ​ခံ​ပြု​သူ​များ​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။ အ​မျက်​တော်​ထွက်​၍​သူ​တို့​အား လက်​စား​ချေ​တော်​မူ​၏။


မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ