အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
ဆာလံ 42:9 - Common Language Bible ``ကိုယ်တော်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား မေ့လျော့၍နေတော်မူပါသနည်း။ အဘယ်ကြောင့်ကျွန်တော်မျိုးသည်ရန်သူတို့၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုခံလျက် နေရပါမည်နည်း'' ဟု ငါ့ကိုကွယ်ကာသောအရှင်၊ဘုရားသခင်အား ငါလျှောက်ထားပါ၏။ Garrad Bible အ ကျွန်ုပ် ကို အ ဘယ့် ကြောင့် မေ့ တော် မူ ပါ သ နည်း။ ရန် သူ နှိပ် စက် ခံ ရ၍၊ မှိုင် ကာ မှိုင် ကာ၊ အ ဘယ့် ကြောင့် သွား လာ ရ ပါ သ နည်း ဟု ငါ့ ကျောက် တောင် သ ဖွယ် ဖြစ် တော် မူ သော ဘု ရား သ ခင့် ထံ လျှောက် ထား မည်။ Judson Bible အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရ၍၊ အကျွန်ုပ်သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ်ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရားသခင်ကို ငါလျှောက်ရ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏ကျောက်ဖြစ်တော်မူသောဘုရားသခင်အား “အကျွန်ုပ်ကို အဘယ်ကြောင့် မေ့လျော့တော်မူသနည်း။ အကျွန်ုပ်သည် အဘယ်ကြောင့် ရန်သူတို့၏ဖိနှိပ်မှုထဲ၌ ဝမ်းနည်းပူဆွေးလျက်သွားလာရပါသနည်း”ဟု ငါလျှောက်၏။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအား အဘယ်ကာလတိုင်အောင်မေ့လျော့၍ နေတော်မူပါမည်နည်း။ ထာဝစဉ်မေ့လျော့၍နေတော်မူမည်လော။ အဘယ်ကာလတိုင်အောင်မျက်နှာတော်ကို လွှဲတော်မူပါမည်နည်း။
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
ကျွန်တော်မျိုးသည်မချိမဆန့်ဝေဒနာခံ၍ နေရပါ၏။ တစ်နေ့လုံးပင်ပူဆွေးငိုယိုလျက်နေရပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကျွန်တော်မျိုးကို စွန့်ပစ်တော်မူပါသနည်း။ ကျွန်တော်မျိုးသည်အဘယ်ကြောင့်ရန်သူများ ၏ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုဆက်လက်၍ ခံနေရပါသနည်း။
ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
ဘုရားသခင်သည်သနားကြင်နာရန် မေ့လျော့တော်မူပြီလော။ ကရုဏာတော်အစားအမျက်တော်ကို ပြတော်မူပြီလော။''
ဘုရားသခင်သည်မိမိတို့အား ကွယ်ကာစောင့်ရှောက်တော်မူသော ကျောက်တောင်သဖွယ်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်သည် မိမိတို့အားကူမရန်ကြွလာတော်မူကြောင်း ကိုလည်းကောင်းသူတို့သည်သတိရကြကုန်၏။
ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။