Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 40:27 - Common Language Bible

27 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ဖြစ်​ပါ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​ဆင်း​ရဲ​ဒုက္ခ များ​ကို သိ​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း သင်​တို့​၏​အ​မှု​ကိစ္စ​များ​အ​ဆင်​ပြေ​ရေး​အ​တွက် စိတ်​ဝင်​စား​တော်​မ​မူ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ်​ကြောင့်​သင်​တို့​သည် ညည်း​ညူ​ကြ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ ငါ့ သွား လမ်း သည် ထာ ဝ ရ ဘု ရား ထံ ကွယ် ဝှက် သည် ဟူ၍ လည်း‌ ကောင်း၊ ငါ့ တ ရား အ မှု လည်း ငါ့ ဘု ရား သ ခင် ထံ ကွယ် ပ ပြီ ဟူ၍လည်း‌ ကောင်း၊ အ ဘယ့် ကြောင့် ပြော ဆို သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အို ယာ​ကုပ်​အ​မျိုး၊ သင်​သွား​သော​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့်​ပြော​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​အ​မှု​ကို သင်၏​ဘု​ရား​သ​ခင် မှတ်​တော်​မ​မူ​ဟု၊ အ​ဘယ်​ကြောင့်​ဆို​ရ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အို ယာကုပ်​အမျိုး​၊ အို အစ္စရေး​လူမျိုး​၊ “​ထာဝရဘုရား​သည် ငါ့​လမ်း​ကို မမြင်​။ ငါ​၏​ဘုရားသခင်​သည် ငါ့​အမှု​ကို ဂရုမစိုက်​”​ဟု အဘယ်ကြောင့်​ပြော​ဆို​ရ​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 40:27
10 ပူးပေါင်းရင်းမြစ်များ  

ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။


ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊


ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှုရှုံးစေတော်မူ၏။


အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ချီး​မြှောက်​၍ နာ​မ​တော်​ကို​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို ပြု​တော်​မူ​ပါ​ပြီ။ ရှေး​မ​ဆွ​က​ပင်​ပြု​တော်​မူ​ခဲ့​သည့် အ​ကြံ​အ​စည်​တော်​တို့​ကို၊ တိ​ကျ​စွာ​အ​ကောင်​အ​ထည်​ဖော်​တော်​မူ​ပါ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​က ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​အ​ကြောင်း​အ​ရာ​များ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​များ​ဖြစ်​သည် ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​အား​ငါ့​၏​အ​စေ​ခံ​များ​အ​ဖြစ်​ဖြင့် ငါ​ဖန်​ဆင်း​ခဲ့​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​လိမ့်​မည်​မ​ဟုတ်။


သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။


ငါ​သည်​လည်း​မိ​မိ​လုပ်​ဆောင်​ခဲ့​သည့်​အ​မှု​တို့ အ​ကျိုး​မ​ရှိ​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​မှာ​အား​အင်​သာ​လျှင်​ကုန်​ခန်း​လျက် အ​ဘယ်​အ​မှု​အ​ရာ​မျှ​မ​အောင်​မြင်​ပုံ​ကို လည်း​ကောင်း တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​၏။ သို့​ရာ​တွင်​ငါ​သည်​မိ​မိ​၏​အ​မှု​ကိစ္စ​များ အ​ဆင်​ပြေ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​နိုင်​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​ပြု​သည့်​အ​မှု​အ​တွက် ဆု​လာဘ်​များ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။


ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။


``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ