Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 49:15 - Common Language Bible

15 ထာ​ဝ​ရ​ဘု​ရား​က ``မိ​ခင်​တစ်​ဦး​သည်​မိ​မိ​၏​ရင်​ခွင်​မှ​ရင် သွေး​ငယ်​ကို မေ့​လျော့​နိုင်​ပါ​မည်​လော။ မိ​မိ​ကိုယ်​ဝန်​ဆောင်​ခဲ့​သော​က​လေး​ကို​မ​ချစ်​ဘဲ နေ​နိုင်​ပါ​မည်​လော။ မိ​ခင်​ဖြစ်​သူ​သည်​က​လေး​ငယ်​ကို​မေ့​လျော့​သည် ဆို​စေ​ဦး၊ ငါ​သည်​သင်​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ လိမ့်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မိ ခင် သည် ရင် သွေး ဖြစ် သော နို့ စို့ သူ ငယ် ကို၊ က ရု ဏာ ကင်း သည့် တိုင် အောင်၊ အ မှတ် မ ရ ဘဲ နေ နိုင် သ လော။ အ မှတ် မ ရ ဘဲ နေ နိုင် စေ ကာ မူ၊ ငါ ကား သင့် ကို အ မှတ် မ ရ ဘဲ မ နေ နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မိခင်​သည် မိမိ​နို့စို့ကလေး​ကို မေ့လျော့​နိုင်​မည်လော​။ မိမိ​ဝမ်း​နှင့်​လွယ်​သော​သားသမီး​ကို မ​သနား​ဘဲ​နေ​မည်လော​။ ထိုသို့​မေ့လျော့​နိုင်​ခဲ့​လျှင်ပင် ငါ​သည် သင့်​ကို​မေ့လျော့​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 49:15
24 ပူးပေါင်းရင်းမြစ်များ  

သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။


ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။


ငါ​၏​မိ​ဘ​တို့​သည်​ငါ့​အား​စွန့်​ပစ်​စေ​ကာ​မူ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​မည်။


ဘု​ရား​သ​ခင်​သည်​သ​နား​ကြင်​နာ​ရန် မေ့​လျော့​တော်​မူ​ပြီ​လော။ က​ရု​ဏာ​တော်​အ​စား​အ​မျက်​တော်​ကို ပြ​တော်​မူ​ပြီ​လော။''


ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား တစ်​ဖန်​က​ရု​ဏာ​သက် တော်​မူ​ပြန်​၏။ မိ​မိ​ပိုင်​ဆိုင်​သူ​များ​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သူ တို့​အား​မိ​မိ​တို့​နေ​ရင်း​ပြည်​၌​ပြန်​လည်​နေ ထိုင်​ခွင့်​ပြု​တော်​မူ​လိမ့်​မည်။ လူ​မျိုး​ခြား​များ သည်​သူ​တို့​နှင့်​အ​တူ​လာ​ရောက်​နေ​ထိုင် ကြ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​အ​ကြောင်း​အ​ရာ​များ​ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​စေ​ခံ​များ​ဖြစ်​သည် ကို အောက်​မေ့​သ​တိ​ရ​ကြ​လော့။ သင်​တို့​အား​ငါ့​၏​အ​စေ​ခံ​များ​အ​ဖြစ်​ဖြင့် ငါ​ဖန်​ဆင်း​ခဲ့​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့​လိမ့်​မည်​မ​ဟုတ်။


သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​က ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​စွန့်​ပစ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​ငါ​တို့​အား​မေ့​လျော့​တော်​မူ​ပါ​ပြီ တ​ကား'' ဟု​ဆို​ကြ​၏။


တောင်​ကြီး​တောင်​ငယ်​တို့​သည်​ပြို​ကွဲ ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​၌​ထား​ရှိ​သည့် ငါ​၏​မေတ္တာ​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​သုဉ်း​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​ရေး​ဆိုင်​ရာ​က​တိ​တော်​ကို​ငါ​သည် အ​စဉ်​တည်​မြဲ​စေ​မည်'' ဟု သင်​တို့​ကို​ချစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။


``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။


ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-


ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။


ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း ငါ​၏​အ​မျိုး​သား​များ​မူ​ကား ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။


ထာ​ဝ​ရ​ဘု​ရား​က၊ ``ဣ​သ​ရေ​လ​ငယ်​စဉ်​က​ငါ​သည်​သူ့​ကို​ချစ်​၍၊ ငါ​သည်​သူ့​ကို​သား​အ​ဖြစ်​နှင့်​အီ​ဂျစ်​ပြည်​မှ ခေါ်​ဆောင်​ခဲ့​၏။


သင်​တို့​သည်​ဆာ​လောင်​မွတ်​သိပ်​လှ​သ​ဖြင့် ကိုယ် သား​သ​မီး​တို့​၏​အ​သား​ကို​စား​ရ​ကြ​လိမ့် မည်။-


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ သူ​တို့​သည်​ငါ​၏​လူ​စု​ဖြစ်​လိမ့်​မည်။ သူ တို့​သည်​ငါ​စီ​ရင်​ချက်​ချ​မှတ်​ရာ​နေ့​၌ ငါ​၏​ကိုယ်​ပိုင်​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။ အ​ဖ သည်​မိ​မိ​၏​အ​စေ​အ​ပါး​ကို ခံ​သည့်​သား အ​ပေါ်​တွင် က​ရု​ဏာ​ထား​သ​ကဲ့​သို့​ငါ သည်​လည်း​သူ​တို့​အ​ပေါ်​တွင်​က​ရု​ဏာ ထား​တော်​မူ​မည်။-


သင်​တို့​သည်​အ​ပြစ်​သား​များ​ပင်​ဖြစ်​သော်​လည်း မိ​မိ​တို့​၏​သား​သ​မီး​များ​အား​ကောင်း​မွန်​သော အ​ရာ​များ​ကို​ပေး​တတ်​ကြ​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​လည်း မိ​မိ​ထံ​တောင်း​လျှောက် သူ​တို့​အား​ကောင်း​မွန်​သော​အ​ရာ​တို့​ကို​သာ​၍ ပင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။


သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ