သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။-
ကမ္ဘာဦး 7:11 - Common Language Bible နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယ လတစ်ဆယ့်ခုနစ်ရက်နေ့၌သမုဒ္ဒရာစမ်းပေါက် တို့ပွင့်လေ၏။ မိုးကောင်းကင်ရေတံခါးအားလုံး တို့လည်းပွင့်သဖြင့်၊- Garrad Bible နော ဧ အ သက် ခြောက် ရာ စေ့ သော နှစ်၊ ဒု တိ ယ လ၊ ဆယ့် ခု နစ် ရက် တွင် မ ဟာ ရေ ထု စမ်း၀ ရှိ သ မျှ ပေါက် ထွက် သည့် ပြင် မိုး ကောင်း ကင် ပြွန်၀ များ ပွင့် သ ဖြင့်၊ Judson Bible နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကိုပယ်ရှင်း၍၊ မိုးကောင်းကင်ပြွန်၀များကို ဖွင့်သဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့် |
သက်ရှိသတ္တဝါရှိသမျှတို့ကိုသေကြေပျက် စီးစေရန် ကမ္ဘာမြေကြီးပေါ်မှာရေလွှမ်းမိုးစေ မည်။ ကမ္ဘာမြေကြီးပေါ်တွင်ရှိရှိသမျှတို့သေ ကြေပျက်စီးရမည်။-
ကမ္ဘာမြေကြီးပေါ်၌ရေလွှမ်းမိုးသောအခါ နောဧသည်အသက်ခြောက်ရာရှိသတည်း။-
သမုဒ္ဒရာစမ်းပေါက်များနှင့်မိုးကောင်းကင်ရေ တံခါးများသည်လည်းပိတ်လေ၏။ မိုးစဲ၍၊-
ထိုတပ်မှူးက``ထာဝရဘုရားကိုယ်တော်တိုင်ပင် မိုးကိုချက်ချင်းရွာစေကာမူဤသို့ဖြစ်နိုင် လိမ့်မည်မဟုတ်ပါ'' ဟုပြောကြားခဲ့လေသည်။ ထိုအခါဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက် သည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်းစားရ လိမ့်မည်မဟုတ်'' ဟုဆိုခဲ့၏။-
မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။
သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍ မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။
ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။-
ကမ္ဘာမြေကြီးသည်ကွဲအက်ကာကစင့် ကလျားဖြစ်လျက်နှစ်ခြမ်းပွင့်၍သွား လိမ့်မည်။-
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
အမိန့်ပေးတော်မူသောအခါမိုးကောင်းကင် အထက်ရှိ ရေတို့သည်အသံမြည်ဟည်းကြကုန်၏။ ကိုယ်တော်သည်မြေကြီးစွန်းမှမိုးတိမ်များကို တက်စေတော်မူ၏။ မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူကာ မိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်စေတော်မူ၏။
အရှင်ထာဝရဘုရားက``ငါသည်သင့်အား လူသူမနေသည့်မြို့ပျက်များကဲ့သို့ဖြစ်စေ မည်။ သမုဒ္ဒရာရေကိုယူဆောင်ခဲ့၍ ပင်လယ်ရေ ဖြင့်ဖုံးလွှမ်းစေမည်။-
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။-
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
ရှေးကမ္ဘာမြေကြီးကိုရေဖြင့်ပင်လျှင်လွှမ်း မိုးဖျက်ဆီးတော်မူခဲ့ကြောင်းကိုလည်း ကောင်းသူတို့သည်တမင်သက်သက်မေ့ လျော့ကြ၏။-