Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 74:15 - Common Language Bible

15 ကိုယ်​တော်​ရှင်​သည်​ချောင်း​ရေ​နှင့်​စမ်း​ရေ​ကို ပေါက်​စေ​တော်​မူ​၍ မြစ်​ကြီး​များ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 စမ်း ရေ နှင့် ချောင်း ရေ ကို ပေါက် စေ သည့် ပြင်၊ မြစ် ကြီး တို့ ကို ခန်း စေ ခြင်း ပြု တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 စမ်း​ရေ​နှင့် ချောင်း​ရေ​ကို ပေါက်​စေ​တော်​မူ​ပြီ။ ရေ​မ​ပြတ်​သော​မြစ်​တို့​ကို​လည်း ခန်း​ခြောက်​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍ အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 74:15
15 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မြစ်​ကမ်း​ပေါ်​တွင်​ရပ်​လျက်​ရေ​ကို ဧ​လိ​ယ​၏​ဝတ်​လုံ​ဖြင့်​ရိုက်​၏။ သို့​ရာ​တွင်​ရေ သည်​ကွဲ​၍​မ​သွား​ချေ။ ဧ​လိ​ရှဲ​သည်``ဧ​လိ​ယ ၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကား​အ​ဘယ်​မှာ​နည်း'' ဟု​ဟစ်​အော်​ပြီး လျှင် ရေ​ကို​တစ်​ဖန်​ရိုက်​ပြန်​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​သ​ဖြင့် သူ​သည်​မြစ်​တစ်​ဘက် ကမ်း​သို့​လျှောက်​၍​သွား​လေ​သည်။-


ထို​နောက်​ဧ​လိ​ယ​သည်​မိ​မိ​၏​ဝတ်​လုံ​ကို​ချွတ် ၍​လိပ်​ပြီး​လျှင် ရေ​ကို​ရိုက်​လေ​၏။ ထို​အ​ခါ​ရေ သည်​နှစ်​ခြမ်း​ကွဲ​၍​သွား​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ မြစ်​တစ်​ဘက်​သို့​ကူး​ကြ​၏။-


ကိုယ်​တော်​သည်​ကျောက်​ဆောင်​ကို​ခွဲ​တော်​မူ​သော​အ​ခါ ရေ​သည်​ပန်း​၍​ထွက်​လာ​ကာ​သဲ​ကန္တာ​ရ​တွင် မြစ်​သ​ဖွယ်​စီး​၍​သွား​၏။


ပင်​လယ်​နီ​သည်​မြင်​၍​ထွက်​ပြေး​လေ​၏။ ယော်​ဒန်​မြစ်​သည်​မ​စီး​တော့​ဘဲ​ရပ်​တန့် သွား​၏။


ကိုယ်​တော်​သည်​တော​ကန္တာ​ရ​တွင် ကျောက်​ဆောင်​ကို​ခွဲ​၍​နက်​ရှိုင်း​ရာ​မှ​ရေ​ကို ထို​သူ​တို့​အား​တိုက်​တော်​မူ​၏။


အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​စဉ်​အ​ခါ​က​ကဲ့​သို့​ပင် အာ​ရှု​ရိ ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သူ​ကိုယ်​တော်​၏​လူ မျိုး​တော်​ထွက်​ခွာ​ရန်​အ​တွက်​လမ်း​မ​ကြီး တ​သွယ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​လိမ့်​မည်။


ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား၊ ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ရေ​မ​ငတ်​ကြ။ ကိုယ်​တော်​သည်၊သူ​တို့​အ​တွက်​ကျောက်​ဆောင်​ထဲ​မှ ရေ​စီး​၍​ထွက်​စေ​တော်​မူ​၏။ ကျောက်​ကို​ကွဲ​အက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ထွက်​၍​လာ​၏။


တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။


သင်​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​စဉ်​က​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ချီ​တက်​ရာ​ရှေ့​၌​ပင်​လယ် နီ​ရေ​ကို​ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို ကျွန်​မ​တို့​ကြား​သိ​ရ​ပါ​သည်။ ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​တွင်​စိုး​စံ​သော​အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ဖြစ်​ကြ​သည့်​ရှိ​ဟုန်​ဘု​ရင် နှင့်​သြ​ဃ​ဘု​ရင်​တို့​ကို သင်​တို့​မည်​ကဲ့​သို့ သတ်​ဖြတ်​သုတ်​သင်​ခဲ့​ကြ​ကြောင်း​ကို​လည်း ကျွန်​မ​ကြား​သိ​ရ​ပါ​သည်။-


ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ