ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ကမ္ဘာဦး 21:17 - Common Language Bible ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။- Garrad Bible သူ ငယ်၏ အ သံ ကို ဘု ရား သ ခင် ကြား တော် မူ ၍ ဘု ရား သ ခင့် စေ တ မန် တော် က၊ ဟာ ဂ ရ မည် သို့ နည်း။ မ စိုး ရိမ် နှင့်။ သူ ငယ် ရှိ ရာ မှ သူ့ အ သံ ကို ဘု ရား သ ခင် ကြား တော် မူ ပြီ။ Judson Bible ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍၊ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သူငယ်၏အသံကို ကြားတော်မူ၏။ ထိုအခါ ဘုရားသခင်၏ကောင်းကင်တမန်သည် ကောင်းကင်မှနေ၍ ဟာဂရကိုခေါ်ပြီးလျှင် “ဟာဂရ၊ သင်ဘာဖြစ်သနည်း။ မကြောက်နှင့်။ အကြောင်းမူကား သူငယ်ရှိသည့်နေရာမှ သူငယ်၏အသံကို ဘုရားသခင်ကြားတော်မူပြီ။ |
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။
ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-
ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။ အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။
ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
ထိုအခါယောခတ်သည်ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြု၏။ ထာဝရဘုရားသည် လည်းရှုရိဘုရင်၏ညှဉ်းဆဲနှိပ်စက်မှုကို ဣသ ရေလအမျိုးတို့အဘယ်မျှခံနေရကြ ကြောင်းကိုရှုမှတ်တော်မူသဖြင့် ယောခတ် ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။-
သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။
သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။
ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
သင်တို့သည်ထိုသူတို့ကိုနှိပ်စက်သဖြင့်၊ သူတို့ကငါ့ထံအသနားခံလျှင်ငါ ထာဝရဘုရားသည်နားညောင်းမည်။
သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။
ထိုအရပ်တွင်ထာဝရဘုရား၏ကောင်းကင် တမန်သည်ချုံတစ်ခုအလယ်မှ မီးတောက် လောင်နေသည့်မီးလျှံအသွင်ဖြင့်ထွက်လာ၍ မောရှေအားထင်ရှားပြ၏။ ချုံသည်မီးတောက် နေသော်လည်းလောင်ကျွမ်းခြင်းမရှိကြောင်း မောရှေတွေ့မြင်ရ၏။-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။ မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။-
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
သို့သော်သခင်ယေရှုသည်ထိုသူတို့၏စကားကို ကြားလျှင် ``မစိုးရိမ်နှင့်။ သင့်မှာယုံကြည်ခြင်းသာ ရှိစေလော့'' ဟုတရားဇရပ်အုပ်ချုပ်ရေးမှူးအား မိန့်တော်မူ၏။-
ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။-
ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။-