အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ယော 5:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လောက​ကို အောင်နိုင်သူ​မှာ မည်သူနည်း။ ယေရှု​သည် ဘုရားသခင်​၏​သားတော်​ဖြစ်ကြောင်း ယုံကြည်သူ​သာလျှင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။

အခန်းကိုကြည့်ပါ။

Judson Bible

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​သည်​ကို ယုံ​ကြည်​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် လော​က​ကို အောင်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မည်သူ​သည် လောက​ကို​အောင်နိုင်​သနည်း။ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်​ဟု ယုံကြည်​သော​သူ​ပင်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။



၁ ယော 5:5
5 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ ‘ငါ​တတ်နိုင်​လျှင်’ ဟု အဘယ်ကြောင့်​ဆိုသနည်း။ ယုံကြည်သောသူ​ဖြစ်​လျှင် အရာခပ်သိမ်း​သည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။


ဖိလိပ္ပု​က “သင့်​စိတ်နှလုံး​ထဲမှ အကြွင်းမဲ့ ယုံကြည်​ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်​က “ယေရှုခရစ်​သည် ဘုရား​သားတော်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်ပါသည်” ဟု ဆိုလေ၏။


တစ်စုံတစ်ယောက်​က ယေရှု​သည် ဘုရားသခင်​၏​သားတော်​ဖြစ်ကြောင်း​ကို ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ သူ​သည်လည်း ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။