ဘုရင်သည် ဧည့်သည်များကို ကြည့်ရှုရန် ရောက်လာသောအခါ မင်္ဂလာပွဲဝတ်စုံမဝတ်ဆင်ထားသော လူတစ်ဦးကို သတိထားမိလေ၏။
၁ ကော 11:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မထိုက်မတန်ဘဲ သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်ခန္ဓာတော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ Common Language Bible သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။- Garrad Bible သို့ ဖြစ်၍ မည် သူ မ ဆို အ ရှင် ဘု ရား၏ မုန့် တော် ကို ဖြစ် စေ၊ ဖ လား တော် ကို ဖြစ် စေ၊ မ ထိုက် မ တန် စား သောက် လျှင် အ ရှင် ဘု ရား၏ ကိုယ် ခ န္ဓာ တော် နှင့် အ သွေး တော် ကို ပြစ် မှား ရာ ရောက် လိမ့် မည်။ Judson Bible ထိုကြောင့် သခင်ဘုရား၏မုန့်နှင့် ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။ |
ဘုရင်သည် ဧည့်သည်များကို ကြည့်ရှုရန် ရောက်လာသောအခါ မင်္ဂလာပွဲဝတ်စုံမဝတ်ဆင်ထားသော လူတစ်ဦးကို သတိထားမိလေ၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
သင်တို့သည် သခင်ဘုရား၏ ခွက်ကို သောက်လျှင် နတ်ဆိုးတို့၏ ခွက်ကို သောက်၍ မရပေ။ သင်တို့သည် သခင်ဘုရား၏စားပွဲ၌ စားလျှင် နတ်ဆိုးတို့၏ စားပွဲ၌ စား၍ မရပေ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ ကိုယ်ခန္ဓာကို ပိုင်းခြားမသိမြင်ဘဲ စားသောက်သောသူသည် မိမိကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာရောက်၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို နင်းခြေ၍ မိမိအား စင်ကြယ်စေသည့်ပဋိညာဉ်နှင့်ဆိုင်သောအသွေးကို မသန့်ရှင်းသောအရာအဖြစ် သဘောထားကာ ကျေးဇူးပြုတော်မူသောဝိညာဉ်တော်ကို စော်ကားသူသည် မည်မျှ ပို၍ ပြင်းထန်သောပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်သနည်း။