သင်တို့အကြောင်းကို ကျွန်ုပ်ကြား၍ အားတက်လာရန် သခင်ယေရှု အလိုတော်ရှိလျှင် တိမောသေကို သင်တို့ထံသို့ မကြာမီ စေလွှတ်မည်ဟု ကျွန်ုပ်မျှော်လင့်ပါ၏။
ဧဖက် 6:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ကျွန်ုပ်တို့၏ အခြေအနေကို သင်တို့ သိစေရန်နှင့် သူသည် သင်တို့ကို စိတ်ခွန်အားပေးရန် သူ့ကို သင်တို့ထံ ကျွန်ုပ် စေလွှတ်လိုက်ပါ၏။ Common Language Bible ထို့ကြောင့်ငါတို့နှင့်ဆိုင်သောသတင်းအလုံး စုံကိုပြောပြရန်နှင့် သင်တို့ကိုအားပေးကူ ညီရန်သူ့အားသင်တို့ထံသို့ငါစေလွှတ် လိုက်ပါသည်။ Garrad Bible ငါ တို့ အ ဖြစ် အ နေ ကို သိ ကြ သ ဖြင့် စိတ် နှစ် သိမ့် စေ အံ့ သော ငှါ ထို သူ့ ကို သင် တို့ ထံ ငါ စေ လွှတ် ပြီ။ Judson Bible သင်တို့သည် ငါတို့၏အကြောင်းအရာများကို သိမည်အကြောင်းနှင့်၊ ထိုသူသည် သင်တို့စိတ်နှလုံးကို သက်သာစေမည်အကြောင်း၊ ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်၏။- မြန်မာ့စံမီသမ္မာကျမ်း သူ့ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့နှင့်ပတ်သက်သောအရာများကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို အားပေးနိုင်ရန်ဖြစ်၏။ |
သင်တို့အကြောင်းကို ကျွန်ုပ်ကြား၍ အားတက်လာရန် သခင်ယေရှု အလိုတော်ရှိလျှင် တိမောသေကို သင်တို့ထံသို့ မကြာမီ စေလွှတ်မည်ဟု ကျွန်ုပ်မျှော်လင့်ပါ၏။
သို့သော် ဤအတောအတွင်း ဧပဖြောဒိတ်ကို သင်တို့ထံသို့ ပြန်လည်စေလွှတ်သင့်သည်ဟု ကျွန်ုပ်ထင်မြင်ယူဆ၏။ သူသည် ကျွန်ုပ်၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် သင်တို့စေလွှတ်လိုက်သော သင်တို့၏တမန်၊ ကျွန်ုပ်၏ညီ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်ဖြစ်၏။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
သင်တို့ကို နှစ်သိမ့်တော်မူပြီး ကောင်းသောအမှုနှင့် ကောင်းသောစကားတို့ကို သင်တို့ပြုမူပြောဆိုရန် ခွန်အားပေးတော်မူပါစေသော။