သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
ဧဖက် 2:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် တမန်တော်များနှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်သော အဆောက်အအုံကဲ့သို့ ဖြစ်ကြပြီး ယေရှုခရစ်တော်ကိုယ်တိုင်သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။ Common Language Bible သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။- Garrad Bible တ မန် တော် တို့ နှင့် ပ ရော ဖက် တို့ တည်း ဟူ သော တိုက် မြစ် အ ပေါ် တွင် တည် ဆောက် ရ ကြ သည့် အ တိုင်း ထောင့် စွန်း ကျောက် ဖြစ် သော ခ ရစ် တော် ယေ ရှု၌ အ ဆောင် ဆောင် စေ့ စပ် လျက်၊ Judson Bible အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။ |
သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
ထိုအခါ ယေရှုက “ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’ ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။
ဘုရားသခင်သည် ထိုလျှို့ဝှက်နက်နဲသောအရာကို ဝိညာဉ်တော်မှတစ်ဆင့် မိမိ၏ သန့်ရှင်းသောတမန်တော်များနှင့် ပရောဖက်များကို ယခုအခါ၌ ရှင်းလင်းစွာ ဖွင့်ပြတော်မူသကဲ့သို့ ယခင်ခေတ်ကာလ၌ ဖော်ပြတော်မမူခဲ့ပေ။
ကိုယ်တော်ထံ၌ အမြစ်တွယ်၍ တည်ဆောက်ကာ သင်တို့သင်ယူခဲ့ရသည့်အတိုင်း ခိုင်မြဲစွာ ယုံကြည်လျက် ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြလော့။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “ကြည့်ရှုလော့။ ရွေးချယ်ထားသည့် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်မြို့၌ ငါချထားမည်။ ကိုယ်တော်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရမည်မဟုတ်” ဟု ဆိုထားသောကြောင့်ဖြစ်၏။
မြို့ရိုးသည် အုတ်မြစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့အသီးသီးပေါ်တွင် သိုးသငယ်၏ တမန်တော်ဆယ့်နှစ်ပါးတို့၏ အမည်အသီးသီးကို ရေးထား၏။