သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဟေဗြဲ 7:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာလျှင် ကျွန်ုပ်တို့ ပြောဆိုသည့် ယဇ်ပုရောဟိတ်မျိုးနွယ် ပြောင်းလဲကြောင်း ပိုမို သိသာထင်ရှား၏။ Common Language Bible မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ် တစ်ပါးပေါ်ထွန်းလာသဖြင့် ယဇ်ပုရောဟိတ် မျိုးရိုးပြောင်းလဲသည်ဟုပိုမိုထင်ရှားလာ၏။- Garrad Bible ၎င်း ပြင် သင် သည် မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် ဖြစ် သည် ဟူ သော သက် သေ ခံ ချက် နှင့် အ ညီ ကိုယ် ကာ ယ ဆိုင် ရာ ပ ညတ် တ ရား အ ရ မ ဟုတ်၊ နိ စ္စ အ သက် ဆိုင် ရာ တန် ခိုး တော် အ ရ မေ လ ခိ ဇေ ဒက် နည်း တူ ပ ရော ဟိတ် တစ် ပါး ပေါ် ထွန်း ခဲ့ သည် မှန် လျှင် တ ရား ပြောင်း ကြောင်း သာ၍ ထင် ရှား၏။ Judson Bible ထိုမှတစ်ပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။ |
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
ကျွန်ုပ်တို့၏ သခင်သည် ယုဒအနွယ်မှ ဆင်းသက်တော်မူကြောင်းထင်ရှား၏။ မောရှေသည် ထိုယုဒအနွယ်မှ ယဇ်ပုရောဟိတ်ပေါ်ထွန်းမည်ဟု မည်သည့်အခါမျှ မပြောခဲ့ပေ။
ထိုယဇ်ပုရောဟိတ်သည် လေဝိအနွယ်မှ ဖြစ်ရမည်ဟူသော ပညတ်တရား၏ စည်းမျဉ်းအရ မဟုတ်ဘဲ မိမိ၏မပျက်စီးနိုင်သောအသက်တန်ခိုးအရ ယဇ်ပုရောဟိတ်ဖြစ်လာ၏။
သူ၌ ဖခင်နှင့်မိခင်၊ မျိုးရိုး၊ ဘဝ၏ အစအဆုံး စသည့် မှတ်တမ်းများမရှိပေ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ ထာဝရယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိထားသူဖြစ်၏။