ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်တွင် အတူစုဝေးနေကြစဉ် ယေရှုက “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။
လုကာ 9:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းသည် ဘုရားသခင်၏အံ့ဖွယ်တန်ခိုးတော်ကို မြင်တွေ့ရ၍ အံ့သြချီးမွမ်းကြ၏။ လူအပေါင်းတို့သည် ယေရှုပြုတော်မူသော အခြင်းအရာခပ်သိမ်းတို့ကို အံ့သြလျက်နေကြစဉ် ယေရှုက တပည့်တော်တို့အား Common Language Bible လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊- Garrad Bible ရှိ သ မျှ တို့ သည် ဘု ရား သ ခင့် မ ဟာ တန် ခိုး တော် ကို အ လွန် အံ့ သြ ကြ၏။ ပြု တော် မူ သ မျှ ကို လူ အ ပေါင်း တို့ အံ့ သြ လျက် နေ ကြ စဉ်၊ Judson Bible လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူအပေါင်းတို့သည် ဘုရားသခင်၏ကြီးမြတ်သောတန်ခိုးတော်ကို အံ့သြချီးမွမ်းကြ၏။ ကိုယ်တော်ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့အံ့သြနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား မြန်မာ လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်း ရှိကြ၏။ |
ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်တွင် အတူစုဝေးနေကြစဉ် ယေရှုက “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။
ထို့နောက် သူတို့ရှိရာ လှေပေါ်သို့ တက်တော်မူလျှင် လေငြိမ်သွားလေ၏။ တပည့်တော်တို့သည် အလွန်မိန်းမောတွေဝေလျက် နေကြ၏။
ထိုသူသည် ချက်ချင်း မျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် ယေရှုနောက်တော်သို့ လိုက်လေ၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်သောလူအားလုံးတို့သည်လည်း ဘုရားသခင်ကို ချီးမွမ်းကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
လူထုပရိသတ်တို့သည် အလွန်အံ့သြ ကြောက်ရွံ့၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလျက် “ငါတို့သည် ယနေ့ထူးဆန်းအံ့ဖွယ်သောအရာများကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။
ဤသို့လျှောက်ရသည်မှာ ဖမ်းမိသောငါးများသည် အလွန်များပြား၍ ရှိမုန်နှင့် အခြားတံငါသည်များအားလုံးက အံဩကြသောကြောင့် ဖြစ်၏။
ကိုယ်တော်က သူတို့အား “သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့၍ အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ သူအမိန့်ပေးသောအခါ လေနှင့်လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုသူငယ်လာစဉ် နတ်ဆိုးသည် သူ့အား မြေပေါ်သို့ လှဲ၍ တက်စေ၏။ သို့သော်လည်း ယေရှုက ထိုနတ်ဆိုးအား ဆုံးမ၍ ထိုသူငယ်ကို ကျန်းမာစေတော်မူပြီးလျှင် ဖခင်ထံသို့ ပြန်အပ်ပေးတော်မူ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် တန်ခိုးနှင့် ကြွလာမည့်အကြောင်းကို သင်တို့အား ပြောပြရာတွင် လိမ္မာပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင် များကို ပြောပြခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ထိုအရှင်၏ ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်ဖူးမြင်ရသူများဖြစ်ကြ၏။