နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။
လုကာ 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။ Common Language Bible တစ်နေ့သ၌ကိုယ်တော်သည်ဂင်နေသရက် အိုင်ကမ်းခြေတွင်ရပ်လျက်နေတော်မူစဉ် လူ တို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာရန်ကိုယ်တော်၏အနီးသို့တိုးကြိတ် လာကြ၏။- Garrad Bible တစ် ရံ တစ် ခါ၌ ဂ င်္နေ သ ရက် အိုင် နား တွင် ရပ် နေ တော် မူ သော ကိုယ် တော့် ထံ ဘု ရား သ ခင့် တ ရား တော် ကို ကြား နာ ရန်၊ လူ အ မြောက် အ မြား တို့ တိုး လာ ကြ စဉ်၊ Judson Bible တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သ၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်လျက်နေတော်မူစဉ် လူထုပရိသတ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြားနာရန် ကိုယ်တော်ထံသို့တိုးဝှေ့လာကြ၏။ မြန်မာ တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းကို မြင်တော်မူ၏။- |
နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။
ယေရှုသည် မိမိကို လူထုပရိသတ် မတိုးကြိတ်မိစေလိုသဖြင့် တပည့်တော်တို့အား လှေတစ်စီး အသင့်ပြင်ထားရန် မိန့်တော်မူ၏။
တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
ဤသို့ဖြင့် ယေရှုသည် ထိုသူနှင့်အတူ ကြွတော်မူ၏။ လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်၍ တိုးဝှေ့ကြ၏။
ထိုအချိန်အတွင်း ထောင်ပေါင်းများစွာသောလူတို့သည် စုဝေးလာကြ၍ တစ်ဦးအပေါ်တစ်ဦးပင် နင်းမိကြ၏။ ယေရှုသည် ဦးစွာ တပည့်တော်တို့အား “သူတော်ကောင်းယောင်ဆောင်ခြင်းဟူသောဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့။
ကိုယ်တော်သည် ကမ်းစပ်၌ ဆိုက်ထားသောလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည် ထိုလှေများပေါ်မှ ဆင်းပြီး မိမိတို့၏ပိုက်ကွန်များကို ဆေးကြောနေကြ၏။
တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “တစ်ဖက်ကမ်းသို့ ကူးကြစို့” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် လှေပေါ်သို့ တက်၍ ရွက်လွှင့်ကြ၏။
ထိုသို့ ရွက်လွှင့်ကြစဉ် ယေရှုသည် အိပ်စက်တော်မူ၏။ ထိုစဉ် အိုင်ထဲတွင် လေပြင်းမုန်တိုင်းတိုက်၍ လှေသည် ရေနှင့် ပြည့်သဖြင့် သူတို့သည် အန္တရာယ်နှင့် ရင်ဆိုင်ကြရ၏။
ထိုအခါ နတ်ဆိုးတို့သည် ထိုသူအထဲမှ ထွက်၍ ဝက်အုပ်ထဲသို့ ဝင်ကြ၏။ ထိုဝက်တစ်အုပ်လုံးသည် မတ်စောက်သောတောင်စောင်းအတိုင်း အိုင်ကမ်းပါးသို့ တစ်ဟုန်ထိုးပြေးဆင်း၍ ရေနစ်သေဆုံးကြ၏။
ထို့နောက် ယေရှုက “ငါ့ကို မည်သူတို့ထိသနည်း” ဟု မေးတော်မူလျှင် လူအပေါင်းတို့သည် ငြင်းဆိုကြ၏။ ပေတရုကလည်း “သခင်… လူအများတို့သည် တိုးဝှေ့၍ ထိမိကြပါပြီ” ဟု လျှောက်ဆို၏။
ယောဟန်၏ စကားကို ကြား၍ ယေရှုနောက်တော်သို့လိုက်သွားသော တပည့်နှစ်ဦးအနက် တစ်ဦးမှာ ရှိမုန်ပေတရု၏ညီ အန္ဒြေဖြစ်၏။
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။