သို့ဖြစ်၍ ကိုယ်တော်သည် ယုဒပြည်၌ရှိသော ဝတ်ပြုဆောင်များသို့ လှည့်လည်၍ ဆက်လက်ဟောပြောတော်မူ၏။
သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တရား ဇရပ်များတွင်ဟောတော်မူ၏။
ယု ဒ ပြည် ရှိ ဓ မ္မာ ရုံ များ တွင် ဟော ပြော လျက် နေ တော် မူ၏။
ထိုသို့အလို့ငှာ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားဇရပ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။
ယုဒနယ်ရှိ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက်နေတော်မူ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ဤသို့ဖြင့် ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလျက် နတ်ဆိုးများကို နှင်ထုတ်တော်မူ၏။
ထိုသူတို့၏ဝတ်ပြုဆောင်များတွင် သွန်သင်သောအခါ လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။
တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။