မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
လုကာ 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်ရှိလာသောပရိသတ်တို့အား ယောဟန်ဟောပြောသောစကားများမှာ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ထွက်ပြေးရန် သင်တို့အား မည်သူက သတိပေးခဲ့သနည်း။ Common Language Bible ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။- Garrad Bible ထို ကြောင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရန် ထွက် လာ သော လူ အ မြောက် အ များ တို့ အား ယော ဟန် က၊ အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လ တ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။ Judson Bible ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။ မြန်မာ ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။- |
မြွေဆိုးအမျိုးတို့… ဆိုးသွမ်းသောသင်တို့သည် ကောင်းမြတ်၍ မှန်ကန်သောစကားကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲ၌ ပြည့်နေသောအရာများကို နှုတ်ဖြင့် ထုတ်ဖော်ပြောဆိုတတ်သောကြောင့်ဖြစ်၏။
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
“အို လှည့်စားမှုအပေါင်း၊ ဆိုးသွမ်းမှုအပေါင်းနှင့် ပြည့်သောမာရ်နတ်၏သား… ဖြောင့်မတ်ခြင်းအပေါင်းတို့၏ရန်သူ… သင်သည် ထာဝရဘုရား၏ဖြောင့်ဖြူးသောလမ်းတော်တို့ကို ကောက်ကွေ့အောင် ပြုလုပ်နေခြင်းမှ မရပ်တန့်ဘဲမနေနိုင်သလော။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။
အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။