သူတို့ကလည်း “လမ်းတွင် ငါတို့အား စကားပြောလျက် ကျမ်းစာကို အနက်ဖွင့်ရှင်းပြတော်မူစဉ် ငါတို့၏စိတ်နှလုံးသည် အတွင်း၌ လောင်းကျွမ်းနေသကဲ့သို့ဖြစ်သည်မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။
လုကာ 24:45 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကျမ်းစာတော်ကို နားလည်စေရန် သူတို့၏ဉာဏ်ကိုလည်း ဖွင့်ပေးတော်မူ၏။ Common Language Bible ထိုနောက်တပည့်တော်တို့ကျမ်းစာတော်ကိုနား လည်ကြစေရန်သူတို့၏အသိဉာဏ်ကိုဖွင့်တော် မူ၏။- Garrad Bible ထို ကျမ်း ချက် များ ကို နား လည် ကြ စေ ရန် သူ တို့ ဉာဏ် ကို ဖွင့် တော် မူ ရာ ထို အ တိုင်း ခ ရစ် တော် သည် ဒု က္ခ ခံ၍ Judson Bible ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကျမ်းစာကိုနားလည်ကြစေရန် သူတို့၏အသိစိတ်ကိုဖွင့်ပေးတော်မူပြီးလျှင် မြန်မာ ထိုအခါ ကျမ်းစာကို နားလည်စေခြင်းငှာ တပည့်တော်တို့၏ ဉာဏ်ကို ဖွင့်တော်မူလျှင်၊- |
သူတို့ကလည်း “လမ်းတွင် ငါတို့အား စကားပြောလျက် ကျမ်းစာကို အနက်ဖွင့်ရှင်းပြတော်မူစဉ် ငါတို့၏စိတ်နှလုံးသည် အတွင်း၌ လောင်းကျွမ်းနေသကဲ့သို့ဖြစ်သည်မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။
သွာတိရမြို့မှ ဘုရားသခင်ကို ကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်တို့ပြောသောအရာများကို နားထောင်လျက်နေ၏။ သူသည် ခရမ်းရောင်အထည်များကို ရောင်းသောသူဖြစ်၏။ ပေါလုဟောပြောသော စကားများကို အာရုံစိုက်နားထောင်ရန်အတွက် သူ၏စိတ်နှလုံးကို ဘုရားသခင်သည် ဖွင့်ပေးတော်မူ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။