Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 24:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 သူတို့​ကလည်း “လမ်း​တွင် ငါတို့​အား စကားပြော​လျက် ကျမ်းစာ​ကို အနက်ဖွင့်​ရှင်းပြတော်မူ​စဉ် ငါတို့​၏​စိတ်နှလုံး​သည် အတွင်း​၌ လောင်းကျွမ်းနေ​သကဲ့သို့​ဖြစ်သည်​မဟုတ်လော” ဟု အချင်းချင်း​ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ကိုယ် တော် မူ ကား ကွယ် ကြွ တော် မူ၏။ ထို သူ တို့ က ကိုယ် တော် သည် လမ်း ခ ရီး တွင် ကျမ်း ချက် များ ကို ဖွင့် ပြ လျက် မိန့် မြွက် တော် မူ စဉ် ငါ တို့ နှ လုံး ယို ဖိတ် မ တတ် ရှိ နေ သည် မ ဟုတ် လော ဟု အ ချင်း ချင်း ပြော ဆို လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 သူ​တို့​က​လည်း “လမ်း​၌ ငါ​တို့​နှင့်​စကား​ပြော​တော်မူ​သောအခါ​၌​ဖြစ်စေ၊ ငါ​တို့​အား ကျမ်းစာ​အနက်​ကို ဖွင့်ပြ​တော်မူ​သောအခါ​၌​ဖြစ်စေ ငါ​တို့​၏​စိတ်နှလုံး​ထဲတွင် မီး​တောက်လောင်​သကဲ့သို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

32 တ​ပည့်​တော်​တို့​က​လည်း၊ လမ်း​ခ​ရီး၌ ငါ​တို့​နှင့်​ဟော​ပြော၍ ကျမ်း​စာ​အ​နက်​ကို ဖွင့်​ပြ​တော်​မူ​သော​အ​ခါ၊ ငါ​တို့ စိတ်​နှ​လုံး​သည် ယို​ဖိတ်​မ​တတ်​ဖြစ်​သည် မ​ဟုတ်​လော​ဟု အ​ချင်း​ချင်း ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:32
14 ပူးပေါင်းရင်းမြစ်များ  

ပုံဥပမာများ​မသုံးဘဲ လူထု​ပရိသတ်တို့​အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များ​နှင့် သီးခြားရှိချိန်​တွင် ထို​ပုံဥပမာများ​၏ အနက်အဓိပ္ပာယ်​ကို သူတို့​အား ရှင်းပြတော်မူ၏။


ထို့နောက် ကျမ်းစာတော်​ကို နားလည်​စေရန် သူတို့​၏​ဉာဏ်​ကိုလည်း ဖွင့်ပေးတော်မူ၏။


ဝိညာဉ်တော်​ကသာ အသက်ရှင်စေ၏။ လူ့​အားထုတ်မှု​မှာမူ မည်သည့်အရာ​ကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့​ကို ငါ​ပြောသော စကားတို့​သည် ဝိညာဉ်​နှင့် အသက်​ဖြစ်၏။


ထို့နောက် သူတို့​သည် ပေါလု​နှင့်​တွေ့ဆုံ​ရန် ရက်ချိန်း​ရွေး​ကြ၏။ ချိန်းသည့်​နေ့​ရောက်သော် သူတို့​သည် လူပေါင်း​များစွာ​နှင့်တကွ ပေါလု​တည်းခိုရာ​နေရာ​သို့​ရောက်လာကြ၏။ ပေါလု​သည် နံနက်​အချိန်​မှ ည​အချိန်​တိုင်အောင် ထို​သူတို့​အား ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံလေ၏။ မောရှေ​၏​ပညတ်တရား​နှင့် ပရောဖက်ကျမ်းများ​ကိုလည်း ကိုးကား​၍ ယေရှု​အကြောင်း​ကို လက်ခံယုံကြည်​လာရန် ကြိုးစား​ဟောပြောလေ၏။


ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် အသက်ရှင်​၍ ထိရောက်​ကာ သန်လျက်​တကာတို့​ထက် ထက်၏။ ထို​နှုတ်ကပတ်တော်​သည် အသက်​နှင့် စိတ်ဝိညာဉ်​ကိုလည်းကောင်း၊ အရိုးအဆစ်​နှင့် ခြင်ဆီ​ကို​လည်းကောင်း ထိုးဖောက်​ကာ ပိုင်းခြား​နိုင်ပြီး လူတို့​၏ စိတ်​အတွင်းမှ တွေးတော​ကြံစည်မှုတို့​ကို သိမြင်​နိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ