ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
လုကာ 19:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သံလွင်တောင်အဆင်းနေရာသို့ ရောက်တော်မူသောအခါ နောက်လိုက်လူထုကြီးတစ်ရပ်လုံးက မိမိတို့မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များကိုထောက်ရှု၍ ကျယ်လောင်သောအသံဖြင့် ဝမ်းသာရွှင်လန်းစွာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ ထိုသူတို့က Common Language Bible ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။- Garrad Bible မြို့ အ နီး သံ လွင် တောင် လမ်း ဆင်း သို့ ရောက် တော် မူ သော် တ ပည့် တော် အ စု အ ရုံး တို့ သည် ဝမ်း မြောက် လျက် မြင် ခဲ့ ရ သော အ မှု တော် ကြီး ခပ် သိမ်း အ တွက် ဘု ရား သ ခင် ကို အ သံ ကျယ် စွာ ချီး မွမ်း ထော မ နာ ပြု၍၊ Judson Bible သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် သံလွင်တောင်၏အဆင်းလမ်းအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်အစုအဝေးအပေါင်းတို့သည် မိမိတို့တွေ့မြင်ခဲ့ရသည့် တန်ခိုးလက္ခဏာအားလုံးအတွက် ဝမ်းမြောက်လျက် ကျယ်လောင်သောအသံဖြင့် ဘုရားသခင်ကိုချီးမွမ်းကာ မြန်မာ သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊- |
ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ထိုင်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ထိုသူသည် ချက်ချင်း မျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် ယေရှုနောက်တော်သို့ လိုက်လေ၏။ ထိုအဖြစ်အပျက်ကို တွေ့မြင်သောလူအားလုံးတို့သည်လည်း ဘုရားသခင်ကို ချီးမွမ်းကြ၏။
အခြားသောအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာကို ကြည့်တော်မူပါ။ သခင်သည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကိုလည်း ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို အကျွန်ုပ်ကြောက်ရွံ့၍ ဤပဝါထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။
သံလွင်ဟု အမည်တွင်သော တောင်အနီးရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်သောအခါ တပည့်တော်နှစ်ပါးအား သွားနှင့်စေ၍
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ထိုနိမိတ်လက္ခဏာအကြောင်းကို ကြားသောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ကြိုဆိုရန် ထွက်သွားကြ၏။