ထိုအခါ ယုဒသည် ထိုငွေဒင်္ဂါးပြားသုံးဆယ်ကို ဗိမာန်တော်၌ ပစ်ချ၍ ထွက်သွား၏။ ထို့နောက် အခြားတစ်နေရာသို့ သွားပြီးလျှင် မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ အဆုံးစီရင်လေ၏။
လုကာ 1:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် လူတို့သည် ဇာခရိကို စောင့်မျှော်လျက်နေ၍ သူသည် ဗိမာန်တော်ထဲ၌ ကြာမြင့်စွာနေသည်ကို အံ့ဩကြ၏။ Common Language Bible လူတို့သည်ဇာခရိကိုစောင့်မျှော်လျက်နေ ကြ၏။ ဇာခရိသည်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုအံ့သြကြ၏။- Garrad Bible ဇာ ခ ရိ ကို စောင့် လျက်၊ ဗိ မာန် တော် တွင် ကြန့် ကြာ သည် ကို အံ့ သြ ကြ သော လူ ပ ရိ သတ် သည် ဇာ ခ ရိ ထွက် လာ သော အ ခါ၊ Judson Bible လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကို အံ့ဩခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ဇာခရိကိုစောင့်မျှော်နေ၍ သူသည်ဗိမာန်တော်ထဲ၌ကြန့်ကြာနေသည်ကို အံ့သြကြ၏။ မြန်မာ လူများတို့သည် ဇာခရိကို ငံ့လင့်၍၊ ဗိမာန်တော်အတွင်း၌ ကြာမြင့်စွာနေသည်ကို အံ့ဩခြင်းရှိကြ၏။- |
ထိုအခါ ယုဒသည် ထိုငွေဒင်္ဂါးပြားသုံးဆယ်ကို ဗိမာန်တော်၌ ပစ်ချ၍ ထွက်သွား၏။ ထို့နောက် အခြားတစ်နေရာသို့ သွားပြီးလျှင် မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ အဆုံးစီရင်လေ၏။
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
သင်သည် ငါ့စကားကို မယုံကြည်သောကြောင့် သူငယ်မွေးဖွားသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲ ဆွံ့အလျက် နေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါပြောသော စကားသည် အချိန်တန်သောအခါ အမှန်ဖြစ်လာမည်ဖြစ်သောကြောင့်ပင်” ဟု ဆို၏။
ဇာခရိသည် ပြန်ထွက်လာသောအခါ သူတို့အား စကားမပြောနိုင်သဖြင့် ဗိမာန်တော်ထဲတွင် ဗျာဒိတ်ရူပါရုံကို မြင်ရပြီဖြစ်ကြောင်း သူတို့မှတ်ယူကြ၏။ ဇာခရိသည် သူတို့အား လက်ဟန်ခြေဟန်ကိုသာပြ၍ ဆွံ့အလျက်နေ၏။