“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ရှင်ယောဟန် 14:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ Common Language Bible `ငါယခုသွားသော်လည်းသင်တို့ထံကို ပြန်လာဦးမည်' ဟုပြောသည်ကိုသင်တို့ ကြားခဲ့ကြပြီ။ ခမည်းတော်သည်ငါ့ထက် ကြီးမြတ်တော်မူ၏။ သို့ဖြစ်၍သင်တို့ငါ့ ကိုချစ်လျှင်ခမည်းတော်ထံသို့ငါသွား သည်ကိုဝမ်းမြောက်ကြလိမ့်မည်။- Garrad Bible ငါသည်ထွက်သွားပြီးလျှင်လာဦးမည်ဟူ၍ ငါပြောသည်ကို သင်တို့ကြားကြပြီ။ သင်တို့သည်ငါ့ကိုချစ်ခဲ့လျှင် ငါ့ထက်ခမည်းတော်ကြီးမြတ်သောကြောင့်ခမည်းတော်ထံ ငါသွားသည်ကိုထောက်၍ ဝမ်းမြောက်ကြလေပြီ။ Judson Bible ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သွားသော်လည်း သင်တို့ထံသို့ပြန်လာဦးမည်ဟု ငါပြောခဲ့သည်ကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်ကြလျှင် ခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ခမည်းတော်သည် ငါ့ထက် ကြီးမြတ်တော်မူ၏။ မြန်မာ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။- |
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်။ အစေလွှတ်ခံသည်လည်း စေလွှတ်သူထက် သာ၍ ကြီးမြတ်သည်မဟုတ်။
သင်တို့အား ငါအမှန် ဆိုသည်မှာ ငါ့ကို ယုံကြည်သောသူသည် ငါပြုသော အမှုတို့ကို ပြုလိမ့်မည်။ ထိုထက် ပို၍ကြီးသောအမှုတို့ကိုပင် ပြုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်သောကြောင့်ပင်။
သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ထိုအခါ ဂျူးခေါင်းဆောင်တို့က ယေရှုကို သတ်ရန် ပို၍အားထုတ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်စည်းကမ်းကို ချိုးဖောက်သည်သာမက ဘုရားသခင်ကိုလည်း ခမည်းတော်ဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားနှင့် တန်းတူထားတော်မူသောကြောင့်ဖြစ်၏။
သို့သော် ယေရှုက “ငါသည် သင်တို့နှင့်အတူ ခဏသာ နေရလိမ့်မည်။ ထို့နောက် ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ ပြန်ရမည်။
သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။