ယေရှုက “ယုံကြည်ခြင်းအားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူပြီးနောက် ထ၍ လေနှင့် လှိုင်းတံပိုးအား အမိန့်ပေးကာ ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။
ရှင်မာကု 4:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထလျက် လေကို ဆုံးမတော်မူ၍ လှိုင်းတံပိုးအား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေသည် ချက်ချင်းငြိမ်၍ အလွန်သာယာသွားလေ၏။ Common Language Bible ကိုယ်တော်သည်အိပ်ရာမှနိုးတော်မူ၍ လေနှင့်လှိုင်း များအား ``ဆိတ်ဆိတ်နေလော့၊ ငြိမ်သက်လော့'' ဟု အမိန့်ပေးတော်မူ၏။ လေသည်ငြိမ်သွား၏။ လှိုင်း လည်းမထတော့ပေ။- Garrad Bible ကိုယ် တော် သည် ထ၍ လေ ကို ဆုံး မ လျက် ရေ ကို လည်း ရပ် စေ၊ ငြိမ် စေ ဟု မိန့် တော် မူ သ ဖြင့် လေ တိတ်၍ အ လွန် ငြိမ် ဝပ် ရ လေ၏။ Judson Bible ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။ မြန်မာ ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍ အလွန်သာယာလေ၏။- |
ယေရှုက “ယုံကြည်ခြင်းအားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူပြီးနောက် ထ၍ လေနှင့် လှိုင်းတံပိုးအား အမိန့်ပေးကာ ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။
ယေရှုသည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်အား နှိုးပြီးလျှင် “ဆရာတော်… အကျွန်ုပ်တို့ရေနစ်သေရတော့မည်ကို ဂရုမစိုက်ဘဲနေတော်မူသလော” ဟု အော်ဟစ်၍ လျှောက်ကြ၏။
ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။
ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူအများရှေ့တွင် လှဲချပြီးလျှင် ထိခိုက်ဒဏ်ရာမဖြစ်စေဘဲ ထိုသူအထဲမှ ထွက်သွား၏။
ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အိပ်ရာဘေး၌ ရပ်၍ “အဖျားပျောက်စေ” ဟု အမိန့်ပေးတော်မူ၏။ အမျိုးသမီးသည် အဖျားပျောက်သဖြင့် အိပ်ရာမှချက်ချင်းထ၍ သူတို့အား ဧည့်ခံလေ၏။
တပည့်တော်တို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ နှိုးပြီးလျှင် “သခင်… သခင်… အကျွန်ုပ်တို့ရေနစ်သေရပါတော့မည်” ဟု အော်ဟစ်၍လျှောက်ကြ၏။ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးတို့အား ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။