ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသပ်၏ မိခင်မာရိ၊ ဇေဗေဒဲ၏ သားများ၏ မိခင်တို့ ပါကြ၏။
ရှင်မာကု 15:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာဂဒလမာရိနှင့် ယောသေ၏ မိခင်မာရိတို့သည် အလောင်းတော် သင်္ဂြိုဟ်သောနေရာကို တွေ့မြင်ကြ၏။ Common Language Bible အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။ Garrad Bible သွင်း ရာ အ ရပ် ကို မာ ဂ ဒ လ မာ ရိ နှင့် ယော သေ အ မိ မာ ရိ တို့ လည်း ကြည့် မှတ် ကြ ၏။ Judson Bible မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။ မြန်မာ မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။ |
ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသပ်၏ မိခင်မာရိ၊ ဇေဗေဒဲ၏ သားများ၏ မိခင်တို့ ပါကြ၏။
မာဂဒလမာရိနှင့် အခြားမာရိတို့သည် သင်္ချိုင်းဂူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်၍ စောင့်ကြည့်နေကြ၏။
ဥပုသ်နေ့ကုန်လွန်ပြီးနောက် တနင်္ဂနွေနေ့ နံနက်စောစော မိုးလင်းစအချိန်တွင် မာဂဒလမာရိနှင့် အခြားသော မာရိတို့သည် သင်္ချိုင်းဂူသို့ သွားကြ၏။
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
ယောသပ်သည် ပိတ်ချောကို ဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ထိုပိတ်ချောဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် အလောင်းတော်ကို သင်္ဂြိုဟ်ပြီးလျှင် ဂူဝ၌ ကျောက်တုံးကို လှိမ့်၍ ပိတ်ထား၏။
ဥပုသ်နေ့လွန်သောအခါ မာဂဒလမာရိ၊ ရှာလုံနှင့် ယာကုပ်မိခင်မာရိတို့သည် ယေရှု၏ အလောင်းတော်ကို လိမ်းရန် အမွှေးနံ့သာများကို ဝယ်ယူကြ၏။
ဂါလိလဲပြည်မှ ယေရှုနှင့်အတူ ရောက်လာကြသောအမျိုးသမီးများက ယောသပ်နောက်သို့လိုက်သဖြင့် သင်္ချိုင်းဂူနှင့် အလောင်းတော်အား မည်ကဲ့သို့ထားသည်ကို တွေ့မြင်ကြရ၏။