အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 14:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကိုယ်တော်​က “ထို​သူ​သည် သင်တို့​ဆယ့်နှစ်ပါး​ထဲမှ ဖြစ်​၍ ငါ့​နှင့်အတူ ပန်းကန်​တွင် မုန့်​ကို တို့စားသောသူ​ဖြစ်၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​က ``ထို​သူ​သည်​တစ်​ကျိပ်​နှစ်​ပါး​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။ ငါ​နှိုက်​သော​ပန်း​ကန်​တွင် နှိုက်​၍​စား​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပန်း ကန် တွင် ငါ နှင့် အ တူ နှိုက် သူ၊ တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ ဖြစ် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​က​လည်း“တစ်ဆယ့်နှစ်​ပါး​သော​သူ​တို့​ထဲမှ တစ်​ဦး​ဖြစ်​ပြီး ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ကိုယ်​တော်​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 14:20
9 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ငါ့​နှင့်အတူ ပန်းကန်​တွင် မုန့်​ကို တို့စားသောသူ​သည် ငါ့​ကို​သစ္စာဖောက်​လိမ့်မည်။


ထိုသို့ မိန့်တော်မူ​စဉ် တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သော ယုဒ​သည် တုတ်​နှင့်​ဓားများ​ကို ကိုင်ဆောင်သော​လူအုပ်ကြီး​နှင့်အတူ ရောက်လာ၏။ ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲတို့​က လွှတ်လိုက်သော​လူအုပ် ဖြစ်၏။


ထိုအခါ တပည့်တော်တို့​သည် အလွန်​စိတ်ထိခိုက်​လျက် “သခင်ဘုရား… ထို​သူ​သည် အကျွန်ုပ်​လော” ဟု တစ်ဦး​ပြီး​တစ်ဦး မေးလျှောက်ကြ၏။


ကျမ်းစာ​၌ ရေးထားသည့်​အတိုင်း လူသား​သည် အသေခံရမည်။ သို့ရာတွင် လူသား​ကို သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏။ ထို​သူ​သည် မွေးဖွား​မလာခဲ့​လျှင် ပို၍​ကောင်းသည်” ဟု မိန့်တော်မူ၏။


ထိုသို့ မိန့်တော်မူ​စဉ် တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သော ယုဒ​သည် တုတ်​နှင့်​ဓားများ​ကို ကိုင်ဆောင်သော​လူအုပ်ကြီး​နှင့်အတူ ရောက်လာ၏။ ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​နှင့် အကြီးအကဲတို့​မှ လွှတ်လိုက်သော​လူအုပ် ဖြစ်၏။


ထိုသို့​မိန့်တော်မူ​နေစဉ် လူ​တစ်စု​ရောက်လာ၏။ တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သည့် ယုဒ​သည် ထို​လူစု​ကို ဦးဆောင်​၍ ခေါ်လာ၏။ သူ​သည် ယေရှု​ကို အနမ်း​ဖြင့် နှုတ်ဆက်​ရန် ချဉ်းကပ်လေ၏။


ယေရှု​က “ဤ​မုန့်တစ်ဖဲ့​ကို ပန်းကန်​တွင် ငါ​နှစ်​၍ ပေးမည့်သူ​သည် ထို​သူ​ဖြစ်သည်” ဟု ဖြေတော်မူ၏။ ထို့နောက် ယေရှု​သည် မုန့်တစ်ဖဲ့​ကို ပန်းကန်​တွင် နှစ်​၍ ရှိမုန်​ရှကာရုတ်​၏​သား ယုဒ​အား ပေးတော်မူ၏။


ထိုသို့ မိန့်တော်မူသည်​မှာ မိမိ​အား သစ္စာ​ဖောက်မည့် ယုဒရှကာရုတ်​ကို ဆိုလိုခြင်း​ဖြစ်၏။ ထို​သူ​သည် ရှိမုန်​၏ သား​ဖြစ်ပြီး တပည့်တော်​ဆယ့်နှစ်ပါး​ထဲမှ တစ်ပါး​ဖြစ်၏။