ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ရှင်မာကု 12:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် စပျစ်ခြံပိုင်ရှင်၌ ချစ်လှစွာသောသား တစ်ဦးတည်းသာ ကျန်လေ၏။ နောက်ဆုံးတွင် စပျစ်ခြံပိုင်ရှင်က ‘ငါ့သားကိုမူ သူတို့လေးစားကြလိမ့်မည်’ ဟု တွေးလျက် မိမိသားကို စေလွှတ်လိုက်၏။ Common Language Bible ဥယျာဉ်ရှင်မှာတစ်ဦးတည်းသောချစ်သားကို သာစေလွှတ်ရန်ကျန်တော့၏။ သို့ဖြစ်၍သူသည် `ငါ့သားကိုထိုသူတို့လေးစားကြရာ၏' ဟု ဆိုလျက်နောက်ဆုံးတွင်မိမိ၏သားကိုစေလွှတ် လိုက်၏။- Garrad Bible ချစ် သား တစ် ယောက် ရှိ သေး သည် ဖြစ်၍ ဥ ယျာဉ့် ရှင် က ငါ့ သား ကို ရို သေ ကျိုး နွံ ကြ လိမ့် မည် ဟု အောက် မေ့ လျက် နောက် ဆုံး လွှတ် လိုက် ရာ၊ Judson Bible ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတစ်ယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟု ဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူ၌ချစ်သောသားတစ်ဦးတည်းရှိတော့၏။ ခြံပိုင်ရှင်က ‘သူတို့သည် ငါ့သားကိုရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် ထိုသားကို သူတို့ထံသို့စေလွှတ်လေ၏။ မြန်မာ ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတစ်ယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟု ဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။- |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
တစ်ဖန် စပျစ်ခြံပိုင်ရှင်သည် အခြားအစေခံတစ်ဦးကို စေလွှတ်ပြန်လျှင် စပျစ်ခြံလုပ်သားများက ထိုသူကို သတ်ပစ်ကြ၏။ အခြားသောအစေခံများကို စေလွှတ်သော်လည်း ထိုနည်းတူ တချို့ကို ရိုက်နှက်၍ တချို့ကို သတ်ပစ်ကြ၏။
သို့သော် စပျစ်ခြံလုပ်သားများက ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထို့နောက် မိုးတိမ်ထဲက “ဤသူသည် ငါရွေးချယ်သော ငါ၏ချစ်သားဖြစ်၏။ သူ၏စကားတော်ကို နားထောင်ကြ” ဟူသော အသံတော်ထွက်ပေါ်လာ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
မိန့်တော်မူသည့်အတိုင်း ဖြစ်ပျက်သည်ကို ငါမြင်သောကြောင့် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ငါသက်သေခံသည်” ဟု ဆိုလေ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကသို့ စေလွှတ်တော်မူသောအခါ “ဘုရားသခင်၏ ကောင်းကင်တမန်အားလုံးတို့သည် ထိုအရှင်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။
အသက်ကြီးသူဖြစ်သော ကျွန်ုပ်ယောဟန်သည် ကျွန်ုပ်အမှန်တကယ်ချစ်ခင်ရသည့် ဂါယုထံသို့ စာရေးလိုက်ပါ၏။