ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
ရောမ 7:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ကောင်းယူ၍ ကျွန်ုပ်ကို လှည့်ဖြား၏။ ထိုပညတ်တော်ကို အသုံးပြု၍ ကျွန်ုပ်ကို သေစေ၏။ Common Language Bible အပြစ်တရားသည်အခွင့်ရကာပညတ်တော် အားဖြင့် ငါ့ကိုလှည့်စား၍ငါ့အားသေစေ ၏။ Garrad Bible ပ ညတ် တော် ကြောင့် အ ခွင့် ရ သော အ ပြစ် တ ရား သည် ငါ့ ကို လှည့် ဖြား၍ ကွပ် မျက် လေ၏။ Judson Bible အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အပြစ်သည် ပညတ်တော်အားဖြင့် အခွင့်ရကာ ငါ့ကိုလှည့်ဖြား၍ ထိုပညတ်တော်အားဖြင့် ငါ့ကိုသတ်လေ၏။ |
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
သို့ဖြစ်လျှင် ထိုကောင်းမြတ်သောအရာသည် ကျွန်ုပ်ကို သေစေသလော။ မသေစေပါ။ ကျွန်ုပ်ကို သေစေသောအရာမှာ အပြစ်တရားပင် ဖြစ်၏။ အပြစ်တရားသည် ၎င်း၏ သဘောသဘာဝကို ဖော်ပြရန် ကောင်းမြတ်သောအရာကို အသုံးပြုခဲ့၏။ ထို့ကြောင့် အပြစ်တရားသည် မည်မျှဆိုးရွားသည်ကို ပညတ်တော်အားဖြင့် ကျွန်ုပ်တို့ သိနိုင်၏။
သို့သော် အပြစ်တရားသည် ထိုပညတ်တော်ကို အခွင့်ကောင်းယူ၍ ကျွန်ုပ်၏ စိတ်အတွင်း၌ တပ်မက်စိတ်အမျိုးမျိုးကို ဖြစ်ပေါ်စေ၏။ ပညတ်တရားမရှိလျှင် အပြစ်တရားသည် သေလျက်နေ၏။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
ထိုတရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်ကြလော့။ မိမိကိုယ်ကိုယ် လှည့်စား၍ ကြားနာရုံမျှသာ ကြားနားသောသူ မဖြစ်စေကြနှင့်။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ဘာသာတရားကိုင်းရှိုင်းသူဟု ထင်မြင်သော်လည်း မိမိလျှာကို မချုပ်တည်းလျှင် မိမိကိုယ်မိမိ လှည့်ဖြားသူဖြစ်၏။ သူ၏ ဘာသာတရားကိုင်းရှိုင်းခြင်းသည် အချည်းနှီးဖြစ်၏။