အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 7:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ ကျွန်ုပ်​သည် သေရ၏။ ထို့ကြောင့် အသက်ရှင်​စေရန် ရည်ရွယ်သော ထို​ပညတ်တော်​သည် သေစေသည်​ကိုလည်း ကျွန်ုပ်​တွေ့ရှိရ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ သက် ရှင် ခြင်း အ လို့ ငှါ ပေး သော ပ ညတ် တော် သည် သေ ခြင်း အ လို့ ငှါ ဖြစ် ကြောင်း ကို ငါ တွေ့၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​တ​ရား​သည် သေ​ခြင်း​နှင့် ဆိုင်​သည်​ကို ငါ​တွေ့၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အသက်ရှင်​ခြင်း​သို့​ရောက်​စေ​ရ​မည့် ဤ​ပညတ်​တော်​သည် သေ​ခြင်း​သို့​ရောက်​စေ​သည်​ကို ငါ​တွေ့​၏။

အခန်းကိုကြည့်ပါ။



ရော​မ 7:10
10 ပူးပေါင်းရင်းမြစ်များ  

ပညတ်တရား​၏ နည်းလမ်း​အရ လူတစ်ဦး​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်​ခံရ​ရန် ထို​ပညတ်​အားလုံး​ကို လိုက်နာရမည်​ဖြစ်ကြောင်း မောရှေ​ရေးသားထား၏။


ပညတ်တရား​ကို မနာခံသော​သူတို့​သည် ပြစ်ဒဏ်ပေးခြင်း​ခံရ၏။ ပညတ်တရား​မရှိ​လျှင်မူ ချိုးဖောက်စရာ​လည်း မရှိပေ။


တစ်ချိန်က ကျွန်ုပ်​သည် ပညတ်တရား​ကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်​ကို သိရှိလာသည်​နှင့် တစ်ပြိုင်နက် အပြစ်တရား​သည် အသက်​ဝင်လာ၏။


ကျောက်ပြား​ပေါ်တွင် ရေးထွင်းထားသည့် သေခြင်း​နှင့်ဆိုင်သော​တရား​ကို ပေးအပ်တော်မူ​စဉ် ဘုရားသခင်​၏ ဘုန်းရောင်ခြည်​ထွန်းတောက်တော်မူ၏။ ထို​ဘုန်းရောင်ခြည်​သည် မောရှေ​၏ မျက်နှာ​၌ ထင်ဟပ်​၍ ထို​ထင်ဟပ်ခြင်း​မှာ တဖြည်းဖြည်း​မှေးမှိန်လာ​သော်လည်း အစ္စရေးလူမျိုးတို့​သည် မောရှေ​၏ မျက်နှာ​ကို စေ့စေ့​မကြည့်နိုင်ခဲ့ကြပေ။ သေခြင်း​နှင့်ဆိုင်သော တရား​သည် ဤကဲ့သို့သော ဘုန်းအသရေ​နှင့် ပြည့်စုံ​လျှင်


ကျမ်းစာ​တွင် “ပညတ်တရား​၌ ပါသော ပညတ်များ​ကို လိုက်နာသောသူ​သည် ထို​ပညတ်များ​ကို လိုက်နာခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဆို၏။ ထို့ကြောင့် ပညတ်တရား​သည် ယုံကြည်ခြင်း​၌ မည်သို့မျှ အခြေမခံပေ။