ကယ်တင်ခြင်းသည် ဂျူးလူမျိုးများမှတစ်ဆင့် ဖြစ်လာသဖြင့် ဂျူးလူမျိုးဖြစ်သော ငါတို့သည် မိမိသိသောဘုရားကို ကိုးကွယ်ကြ၏။ ရှမာရိလူမျိုးဖြစ်သော သင်တို့မှာ မိမိမသိသောဘုရားကို ကိုးကွယ်ကြ၏။
ရောမ 3:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြစ်လျှင် ဂျူးလူမျိုး၌ မည်သည့်သာလွန်မှုရှိသနည်း။ အရေပြားလှီးခြင်းမင်္ဂလာ၌ မည်သည့်အကျိုးရှိသနည်း။ Common Language Bible သို့ဖြစ်လျှင်ယုဒလူမျိုးသည် လူမျိုးခြား တို့ထက်အဘယ်သို့သာသနည်း။ သူတို့ အရေဖျားလှီးမင်္ဂလာခံသည့်အတွက် အဘယ်အကျိုးရှိသနည်း။- Garrad Bible သို့ ဖြစ် လျှင် ယု ဒ လူ မျိုး၌ လွန် ကဲ ခြင်း၊ လှီး ဖြတ် ရာ မင်္ဂ လာ၌ အ ကျိုး ရှိ ခြင်း ကား အ သို့ နည်း။ Judson Bible ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ဂျူးလူမျိုး၌ မည်သည့်သာလွန်ထူးခြားမှုရှိသနည်း။ အရေဖျားလှီးခြင်း၌ မည်သည့်အကျိုးရှိသနည်း။ |
ကယ်တင်ခြင်းသည် ဂျူးလူမျိုးများမှတစ်ဆင့် ဖြစ်လာသဖြင့် ဂျူးလူမျိုးဖြစ်သော ငါတို့သည် မိမိသိသောဘုရားကို ကိုးကွယ်ကြ၏။ ရှမာရိလူမျိုးဖြစ်သော သင်တို့မှာ မိမိမသိသောဘုရားကို ကိုးကွယ်ကြ၏။
စင်စစ် အဘက်ဘက်၌ အကျိုးများစွာရှိ၏။ ဦးစွာ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံယူရရှိကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့ဂျူးလူမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုးဖြစ်စေ လူမျိုးခြားဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားလက်အောက်၌ရှိကြောင်းကို အထက်က ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်၏။
ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။