ရောမ 15:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်ဟေရှာယကလည်း “ဒါဝိဒ်၏ ရာဇပလ္လင်မှ အမွေခံတစ်ဦး ပေါ်လာလိမ့်မည်။ ထိုသူသည် လူမျိုးခြားအပေါင်းတို့ကို အုပ်ချုပ်လိမ့်မည်။ လူမျိုးခြားတို့သည် သူ့ကို အားကိုးမျှော်လင့်ကြလိမ့်မည်” ဟု ဆိုထား၏။ Common Language Bible တစ်ဖန်ဟေရှာယက၊ ``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။ သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်'' ဟုဖော်ပြ၏။- Garrad Bible ယေ ရှဲ၏ အ မြစ် အ ညွန့် ထွက် မည့် အ လျောက် လူ မျိုး ခြား တို့ သည် ကိုယ့် အ ပေါ် တွင် အုပ် စိုး ရန် ပေါ် ထွန်း သော ထို အ ရှင် ကို အား ကိုး မျှော် လင့် ကြ လိမ့် မည် ဟု ဟေ ရှာ ယ ဆင့် ဆို သ တည်း။ Judson Bible တစ်ဖန် ဟေရှာယဆိုသည်ကား၊ ယေရှဲ၏အမြစ်ပေါက်၍ တစ်ပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှာ ပေါ်ထွန်းသောသူ ဖြစ်လိမ့်မည်။ ထိုသူကို တစ်ပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟု ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။ |
အကယ်၍ ကျွန်ုပ်တို့အား ခရစ်တော်ပေးသော မျှော်လင့်ချက်သည် ဤဘဝအတွက်သာ ဖြစ်လျှင် ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့ထဲမှ သနားစရာအကောင်းဆုံးသောသူများဖြစ်ပေမည်။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။
ကိုယ်တော်အပေါ် ဤမျှော်လင့်ချက်ရှိသောသူအပေါင်းတို့သည် ကိုယ်တော် သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေကြ၏။
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
အကြီးအကဲတစ်ဦးက “မငိုကြွေးနှင့်။ ယုဒအနွယ်၏ခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်သော အရှင်သည် အောင်နိုင်ပြီ။ ထိုအရှင်သည် တံဆိပ်ခုနစ်ခုကို ခွာ၍ စာလိပ်ကိုဖွင့်နိုင်သည်” ဟု ကျွန်ုပ်အား ပြော၏။