သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။
ရောမ 11:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့၏ မျက်စိသည် မမြင်နိုင်အောင် ကွယ်ပါစေ။ သူတို့၏ ကျောသည်လည်း အစဉ်ကုန်းပါစေ” ဟု ဆိုထား၏။ Common Language Bible သူတို့သည်ကြည့်၍မမြင်နိုင်စေရန် မျက်စိမှုန်ပါစေသော။ သူတို့၏ခါးသည်လည်းထမ်းရသောဝန်ထုပ် ကြောင့် အစဉ်ကုန်းပါစေသော'' ဟုမြွက်ဆိုတော်မူ၏။ Garrad Bible မျက် စိ လည်း မ မြင် နိုင် အောင် ကွယ် စေ လျက် ကျော ကို အ စဉ် ကုန်း စေ တော် မူ ပါ ဟု ဒါ ဝိဒ် မင်း ဖွဲ့ ဆို လေ၏။ Judson Bible သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာသတည်း။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏မျက်စိသည် မမြင်နိုင်အောင်ကွယ်ပါစေ။ သူတို့၏ကျောသည်လည်း အစဉ်ကုန်းပါစေ”ဟု ဆိုထား၏။ |
သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။
ကျမ်းစာ၌ “ဘုရားသခင်သည် သူတို့၏ စိတ်ကို ထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ထိတိုင် သူတို့၏ မျက်စိကို မမြင်စေရန်၊ သူတို့၏ နားကို မကြားစေရန် ဘုရားသခင် ပြုတော်မူ၏” ဟု ရေးသားထား၏။
ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
ထိုသူတို့သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်းကြောင့် လွင့်ပါသွားသော မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် အမှောင်မိုက်ဆုံးအမှောင်နေရာကို ပြင်ဆင်ထား၏။
ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။
ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။