ရာဇပလ္လင်မှ ရှင်ဘုရင်တို့ကို နန်းချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
ယာကုပ် 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နိမ့်ကျသည့်အခြေအနေတွင် ရှိသောယုံကြည်သူတို့သည် ချီးမြှောက်တော်မူခြင်းခံရသောကြောင့် ဂုဏ်ယူဝမ်းမြောက်တတ်ပါစေ။ Common Language Bible ညီအစ်ကိုတစ်စုံတစ်ယောက်သည်မိမိအား နိမ့် ကျသည့်အခြေအနေမှ ဘုရားသခင်မြှင့် တင်ပေးလိုက်သောအခါဝမ်းမြောက်စေ။- Garrad Bible နိမ့် ကျ သော ညီ အစ် ကို သည် ချီး မြှောက် ခံ ရာ ၌ လည်း ကောင်း၊ Judson Bible အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။- မြန်မာ့စံမီသမ္မာကျမ်း နိမ့်ပါးသည့်အခြေအနေ၌ရှိသောညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ |
ရာဇပလ္လင်မှ ရှင်ဘုရင်တို့ကို နန်းချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံကြသောကြောင့် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့၏အမည်များစာရင်းဝင်သည့်အတွက် ဝမ်းမြောက်ကြလော့” ဟု မိန့်တော်မူ၏။
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
ဝမ်းနည်းသောသူများကဲ့သို့ဖြစ်သော်လည်း အစဉ်အမြဲဝမ်းမြောက်ကြ၏။ ဆင်းရဲသောသူကဲ့သို့ဖြစ်သော်လည်း လူအမြောက်အမြားကို ချမ်းသာစေကြ၏။ မည်သည့်အရာမျှ မရှိသောသူကဲ့သို့ ဖြစ်သော်လည်း အရာအားလုံးကို ပိုင်ဆိုင်ကြ၏။
ဆုကို ရရှိရန် ပန်းတိုင်သို့ ကြိုးပမ်း၍ ပြေး၏။ ထိုဆုသည် ယေရှုခရစ်တော်ပြုခဲ့သောအမှုအားဖြင့် ကျွန်ုပ်ကို အထက်အရပ်သို့ ဘုရားသခင်ခေါ်ဖိတ်တော်မူခြင်းဆု ဖြစ်၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။