ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
မဿဲ 8:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုအမျိုးသမီး၏ လက်ကို တို့ထိတော်မူလျှင် အဖျားပျောက်လေ၏။ ထိုအခါ သူသည် အိပ်ရာမှ ထပြီးလျှင် ယေရှုအား ဧည့်ခံလေ၏။ Common Language Bible ကိုယ်တော်သည်ထိုအမျိုးသမီး၏လက်ကိုတို့ထိ တော်မူလျှင် သူမသည်အဖျားပျောက်သွားသဖြင့် ထ၍ကိုယ်တော်အားဧည့်သည်ဝတ်ပြုလေ၏။ Garrad Bible ပက် လက် နေ သည် ကို မြင် သော် လက် ကို ကိုင် တော် မူ သ ဖြင့် ထို မိန်း မ သည် အ ဖျား ပျောက်၍ ထ ပြီး လျှင် လုပ် ကြွေး သ မှု ပြု လေ ၏။ Judson Bible ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ထိုအမျိုးသမီး၏လက်ကို တို့ထိတော်မူရာ သူသည် အဖျားပျောက်သဖြင့် ထ၍ ကိုယ်တော်ကိုဧည့်ဝတ်ပြုလေ၏။ မြန်မာ ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။- |
ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။
ယေရှုသည် ပေတရုအိမ်သို့ ကြွသောအခါ ပေတရု၏ ယောက္ခမသည် ဖျားလျက် အိပ်ရာထဲ၌ လဲနေသည်ကို မြင်တော်မူ၏။
ထိုညနေတွင် လူတို့သည် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုနတ်ဆိုးတို့ကို အမိန့်ပေး၍ နှင်ထုတ်တော်မူ၏။ ဖျားနာသောသူအားလုံးကိုလည်း ကျန်းမာစေတော်မူ၏။
ယေရှုသည်လည်း လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
ထိုစဉ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲသော အမျိုးသမီးတစ်ဦးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍
ထို့နောက် သူတို့၏မျက်စိကို တို့ထိလျက် “သင်တို့၏ယုံကြည်မှုအတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။
ဝတ်ပြုဆောင်မှ ထွက်လာကြပြီးနောက် ယေရှုနှင့် တပည့်တော်တို့သည် ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့် အန္ဒြေတို့၏ အိမ်သို့ ကြွတော်မူ၏။
ယေရှုသည် သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။
သို့သော် ကိုယ်တော်သည် ထိုမိန်းကလေး၏လက်ကို ကိုင်လျက် “သမီး… ထလော့” ဟု ခေါ်တော်မူ၏။