သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းကို မပြု။ သူ၏ အသံကို လမ်းများတွင် မည်သူမျှ ကြားရလိမ့်မည်မဟုတ်။
မဿဲ 6:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်သည် အလှူအတန်းပြုသောအခါ လှူဒါန်းကြောင်းကို မထင်ရှားစေနှင့်။ လက်ယာလက် ပြုသောအရာကို လက်ဝဲလက်ပင် မသိစေနှင့်။ Common Language Bible သင်သည်လှူဒါန်းသောအခါမထင်မရှားပြုလော့။- Garrad Bible သင် မူ ကား လှူ ဒါန်း သည့် ကာ လ ယာ လက် ပြု သည့် အ မှု ကို ဝဲ လက် မျှ မ သိ စေ နှင့်။ Judson Bible သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မြန်မာ့စံမီသမ္မာကျမ်း သင်မူကား ပေးကမ်းစွန့်ကြဲသောအခါ သင်၏ပေးကမ်းစွန့်ကြဲခြင်းသည် မထင်ရှားမည့်အကြောင်း သင်၏လက်ယာလက်ပြုသည့်အရာကို သင်၏လက်ဝဲလက်အားမသိစေနှင့်။ မြန်မာ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- |
သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းကို မပြု။ သူ၏ အသံကို လမ်းများတွင် မည်သူမျှ ကြားရလိမ့်မည်မဟုတ်။
သင်သည် အလှူအတန်းပြုသောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မပြုနှင့်။ ထိုသူတို့သည် လှူဒါန်းသောအခါ လူတို့၏ချီးမွမ်းပြောဆိုခြင်းကို ခံလိုသဖြင့် ဝတ်ပြုဆောင်များနှင့် လမ်းများ၌ တီးမှုတ်တတ်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
ထိုသို့ပြုလျှင် အရာအားလုံးကို သိမြင်တော်မူသော သင်၏အဖသည် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့သည် မျက်စိမြင်လာကြ၏။ ယေရှုက “ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်စွာ သတိပေးတော်မူ၏။
ထင်ပေါ်ကျော်ကြားလိုသောသူသည် မည်သည့်အမှုကိစ္စကိုမျှ လျှို့ဝှက်စွာ ပြုလေ့မရှိပါ။ ဤကဲ့သို့သောအံ့ဖွယ်အမှုများကို သင်ပြုသည်ဆိုလျှင် သင့်အကြောင်းကို ကမ္ဘာသိအောင်ပြုပါလော့” ဟု ဆိုကြ၏။