Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 6:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သင်​မူကား ပေးကမ်း​စွန့်ကြဲ​သောအခါ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် မထင်ရှား​မည့်​အကြောင်း သင်​၏​လက်ယာ​လက်​ပြု​သည့်​အရာ​ကို သင်​၏​လက်ဝဲ​လက်​အား​မ​သိ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​မ​ထင်​မ​ရှား​ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 သင် မူ ကား လှူ ဒါန်း သည့် ကာ လ ယာ လက် ပြု သည့် အ မှု ကို ဝဲ လက် မျှ မ သိ စေ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သို့သော် သင်​သည် အလှူအတန်းပြု​သောအခါ လှူဒါန်းကြောင်း​ကို မထင်ရှားစေနှင့်။ လက်ယာလက် ပြုသော​အရာ​ကို လက်ဝဲလက်​ပင် မသိစေနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 6:3
7 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ငြင်းခုံ​ခြင်း​နှင့်​အော်ဟစ်​ခြင်း​ကို​ပြု​မည်​မ​ဟုတ်။ သူ​၏​အသံ​ကို​လည်း လမ်းမ​ပေါ်၌ မည်သူမျှ ကြား​ရ​မည်​မ​ဟုတ်။


ထို့ကြောင့် သင်​သည် ပေးကမ်း​စွန့်ကြဲ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​ရန်​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် လမ်းကြား​များ​တွင် ပြု​တတ်​ကြ​သကဲ့သို့ မိမိ​၏​ရှေ့၌​တံပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။


ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။


ထိုအခါ ယေရှု​က“မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။


သူ​တို့​သည် မျက်စိ​မြင်​လာ​လေ​၏။ ယေရှု​က​လည်း“မည်သူ​မျှ​မ​သိ​စေရန် သတိပြု​ကြ​လော့”​ဟု သူ​တို့​အား တင်းကျပ်​စွာ​မှာကြား​တော်မူ​၏။


မိမိကိုယ်ကို​ထင်ပေါ်​ကျော်စော​စေ​လို​၍ တစ်စုံတစ်ခု​ကို လျှို့ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အမှုအရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လောက​၌ သင့်ကိုယ်သင်​ထင်ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ